Thukhuma Road, Datkhina Thiri Tsp, Naypyitaw Division.
(067) 30485
  • English
  • Myanmar
MMVO logo
MMVO logo
Myanmar Flag
  • Home
  • About Us
  • Events
    • Previous Event
    • Current Event
    • Up Coming Event
  • News
  • Announcement
  • Gallery
  • Contact US

  1. Home
  2. News
တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆားနှင့် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နေ့လည်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးက တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆားနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ဒုတိယတိုင်းမှူးက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ နှစ်ထပ် ၄ ခန်းတွဲများနှင့် လုံးချင်းအိမ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ယနေ့နေ့လည်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းပန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့ နေ့လည်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မြ၀တီသတင်းစာ


MWVO

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်က တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များအား နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကိုကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကိုကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကိုကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မုံရွာမြို့နှင့် မော်လမြိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် မြ၀တီသတင်းစာ


MWVO

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြသက်ဦးနှင့်အဖွဲ့ဝင်များကလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားကြပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် မြ၀တီသတင်းစာ


MWVO

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်လင်းနှင့် တာဝန်ရှိသူများက အင်းမတပ်နယ်၊ နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် မြ၀တီသတင်းစာ


MWVO

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် မြ၀တီသတင်းစာ


MWVO

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်လင်းနှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် တိုင်းစစ်ဌာနချုပ် ဆေးကုသရေးအဖွဲ့များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လင်းခေးမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်
ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ယနေ့ နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်  (ဌာနေ) တပ်ဖွဲ့ဝင်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်က နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံအမှာစကား များပြောကြား၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် မြ၀တီသတင်းစာ


MWVO

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့်ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကလေးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် မြ၀တီသတင်းစာ


MWVO

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မအူပင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) 
တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် စားသောက်ဖွယ်ရာများ
ထောက်ပံ့ပေးအပ်
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် မြ၀တီသတင်းစာ


MWVO

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နေ့လည်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်က နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ယူနီဖောင်းများအားလည်းကောင်း အသီးသီးပေးအပ်သည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအားကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဆေးကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ 
တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

လွိုင်လင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက လွိုင်လင်မြို့၊ နယ်မြေခံတပ်ရင်းရှိ နဝရတ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် မြ၀တီသတင်းစာ


MWVO

၁။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်နယ်ခန်းမအနီး လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ၁ ဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၊ ကျောင်းသားကျောင်းသူကလေးငယ် ၆ ဦးနှင့် အပြစ်မဲ့အရပ်သား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် ကြားသိရပါသည်။
၂။ ပြည်ထောင်စုဖွား ကယားတိုင်းရင်းသားပြည်သူများ၏ ပြည်နယ်နေ့အခါသမယတွင် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာအား အများပြည်သူများ အစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရစေရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့

မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် မြ၀တီသတင်းစာ


MWVO

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သုတ/ရသစာအုပ် စာစောင်များပေးအပ်သည်။
ယင်းနောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား နယ်မြေခံဆေးတပ်ဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်းနှင့် ကာလိမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်းနှင့် ကာလိမြို့တို့ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား ဇန်နဝါရီလ ၁၇ ရက်နေ့လည်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက ခိုလမ်မြို့၊ နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် ဆန်နှင့်စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကြက်ဥများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် မြ၀တီသတင်းစာ


MWVO

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ငွေကျပ် ၄၃ သိန်းကျော်တန်ဖိုးရှိ ကြက်ဥများပေးအပ်ပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းတွင် မြို့နယ်စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးမှ ငွေကျပ် ၄,၃၂၁,၅၀၀ တန်ဖိုးရှိ ကြက်ဥများအား စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးနန္ဒကျော်သူ(ငြိမ်း)တို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကြက်ဥများပေးအပ်ကြောင်း သိရသည်။

မိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားသွားရောက်တွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့်တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများ၌ အသီးသီးသွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများထောက်ပံ့
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံတပ်ရင်းခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် ၂၆ မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌လည်းကောင်း၊ ယနေ့တွင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးများက အမှာစကားအသီးသီးပြောကြားသည်။ ထို့နောက် တိုင်းမှူးများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ  တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက်  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်နေမှုများကို တိုင်းမှူးများနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကော့သောင်းမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် မြ၀တီသတင်းစာ


MWVO

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့်တာဝန်ရှိသူများက ကော့သောင်းတပ်နယ်ရှိ ဘုရင့်နောင်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး ဆန်၊ ဆီ၊ ဆားနှင့်စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကျန်းမာရေးဆေးစစ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကိုကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့်ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအားကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် မြ၀တီသတင်းစာ


MWVO

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားယူနီဖောင်းများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် မြ၀တီသတင်းစာ


MWVO

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား ယူနီဖောင်းများ၊ ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လည်ပိုင်းတွင် ဟင်္သာတမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးများက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ယူနီဖောင်းများ၊ ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် မြ၀တီသတင်းစာ


MWVO

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသော ချယ်ရီ(၂)ရေယာဉ်အား အကြမ်းဖက်သမားအချို့က လက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ စုစုပေါင်း ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မကောင်းစွာကြားသိရပါသည်။
ဤသို့ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့်ရေယာဉ်အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။


                     မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအားကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မြ၀တီသတင်းစာ


MWVO

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်၊ ရွာဟေ့လူခန်းမ၌ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြေးထောက်ပံ့ပေးအပ်၊ သာပေါင်းမြို့နယ် အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် မြ၀တီသတင်းစာ


MWVO

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြေးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး ခန်းမ၌ပြုလုပ်ရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့်တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ် ၈ မြို့နယ်တို့မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သက်ကြီးမသန်စွမ်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ၎င်းတို့၏ တင်ပြချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား ယူနီဖောင်းနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လည်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်တာဝန်ရှိသူများ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ယူနီဖောင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် နယ်မြေခံဆေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် မြ၀တီသတင်းစာ


MWVO

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်သူ့ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး ဆေးရုံတက် လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျဆုံးလေပြီးသော သူရဲကောင်းစစ်သည်များအတွက် နဝမအကြိမ်မြောက် အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကျင်းပပြုလုပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် မြ၀တီသတင်းစာ


MWVO

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့်အလေးပြုခြင်းအခမ်းအနားအား နဝမအကြိမ်မြောက်အဖြစ် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဂါရဝပြုဆုတောင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင်အဖွဲ့  ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့်မိတ်ဆွေများ ပရဟိတအသင်း၊ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းနှင့် တပ်မတော်အား ချစ်မြတ်နိုးသူများတက်ရောက်ကြသည်။
ဦးစွာ အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားအား တက်ရောက်လာကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက် ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဌာန် ၄ ချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်စစ်သည်များအား ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ် ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
၎င်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး  ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄)ကြိမ်မြောက်
အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၁)ကြိမ်မြောက် အထွေထွေညီလာခံသို့
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်


MWVO

အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄) ကြိမ်မြောက် အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၁)ကြိမ်မြောက် အထွေထွေညီလာခံအား အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ကြီးမှူး၍ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟို အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ငွေသိန်း(အငြိမ်းစား)ဦးဆောင်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ၁၁ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြပြီး ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၁၃ နာရီ မိနစ် ၃၀ တွင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသော အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၄) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် (၂၁)ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းမည့် ဆုံးဖြတ်ချက် ၁၀ ချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက်တွင် ကျင်းပသော (၂၁)ကြိမ်မြောက် အထွေထွေညီလာခံသို့  တက်ရောက်ခဲ့သည်။ (၂၁)ကြိမ်မြောက် အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားသို့ H.E GENERAL PRAYUT  CHAN-O-CHA (Prime  Minister and  Minister  of  Defence, Chairman  of  the  Veterans Council) မှ တက်ရောက်ဖွင့်လှစ်ပေးပြီး VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံမှ စစ်မှုထမ်း ဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သော ဆုံးဖြတ်ချက် ၁၀ ခုအား အဆိုပါ အထွေထွေ ညီလာခံ၌ အတည်ပြု၍ VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံက ပူးတွဲကြေငြာချက်တွင် လက်မှတ် ရေးထိုးမှတ်တမ်းတင်ခဲ့သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ၁၀ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာစံတော်ချိန် ၁၁ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ရှိ
ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် မြ၀တီသတင်းစာ


MWVO

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့်အဖွဲ့ဝင်များက မှော်တော်ကျေးရွာ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားအသီးသီးပြောကြားကြသည်။ ထို့နောက် ဝန်ကြီးချုပ်က ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ ၁၅ ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးငွေကျပ် ၇၅ သိန်းနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း တိုင်းမှူးက မှော်တော်ကျေးရွာ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် ဆန် ၃၀ အိတ်၊ ဆီ ၅၀ ပိဿာနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ မှော်တော်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မှော်တော် ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား  ကန့်ဘလူမြို့ရှိ ရွှေဆည်မြိုင် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၄၃ ရွာအတွက် နေကြာသီးနှံ စိုက်မျိုးစေ့ဖိုးငွေ ၂၁၅ သိန်း၊ ယူနီဖောင်းများ၊ ဆန် ၅၀ အိတ်၊ ဆီ ၃၀ ဘူး၊ ဆား ၅၀ အိတ်၊ ပဲ ၅၀ အိတ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် နေ့လည် ပိုင်းတွင် ရွှေဘိုမြို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ရွှေဘိုမြို့ တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ရွှေဘိုမြို့အတွင်းရှိ ကျေးရွာ ၁၆ ရွာအတွက် နေကြာသီးနှံ မျိုးစေ့ဖိုး ငွေကျပ်သိန်း ၈၀၊ ယူနီဖောင်းများ၊ ဆန် ၂၀ အိတ် ၊ ဆီ ၁၀ ပုံး၊ ကြက်ဥ ၁၂၀၀ လုံး၊ ခေါက်ဆွဲခြောက် ၁၅ ဖာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

လင်းခေးမြို့၊ လဲချားမြို့၊ ကာလိမြို့နှင့် ဟိုမိန်းမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)
တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ လဲချားမြို့၊ ကာလိမြို့နှင့်ဟိုမိန်းမြို့ တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ယနေ့ နေ့လည်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ခရေရိပ်သာ၌ တွေ့ဆုံ သည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့နယ်နှင့်တာလေမြို့တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် 
ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် မြ၀တီသတင်းစာ


MWVO

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)  အဖွဲ့ဝင်များအား ယနေ့ နေ့လည်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်နှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌လည်းကောင်း အသီးသီးတွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများနှင့် သုတ၊ ရသစာအုပ်/စာစောင်များ ပေးအပ်သည်။
ထို့ပြင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ကွန်ဟိန်းမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်မျာအား ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက ကွန်ဟိန်းမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား 
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် မြ၀တီသတင်းစာ


MWVO

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ယနေ့ နေ့လည်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ယနေ့ နေ့လည်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြသက်ဦးနှင့်အဖွဲ့ဝင်များကလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ခိုလမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

နမ့်စန်မြို့နှင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်မျာအားတွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက အဆိုပါမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက ရခိုင်ပြည်နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာတွင် နေထိုင်လျက်ရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များအား သက်ဆိုင်ရာနေရာများ၌ အသီးသီးသွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် နယ်မြေခံဆေးအဖွဲ့များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် မြ၀တီသတင်းစာ


MWVO

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေး တပ်ရင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည်ရှု၍ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ 
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စေတနာရှင် အလှူရှင်များက လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးက စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ထို့ပြင် ကွမ်းလုံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကွမ်းလုံတပ်နယ်မှ တာဝန်ရှိသူများက အဆိုပါမြို့နယ်ရှိ စစ်မှုထမ်းဟောင်းရုံး၌ သွားရောက်တွေ့ဆုံပြီး စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်သည်။ ထို့နောက် နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခိုလမ်မြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေမျာအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုအမှုဆောင်အဖွဲ့ စုံညီအထူးအစည်းအဝေးကျင်းပ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် မြ၀တီသတင်းစာ


MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ စုံညီအထူးအစည်းအဝေးကို နိုဝင်ဘာလ ၁၀ ရက် နံနက် ၀၉၃၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဗဟိုဌာနချုပ်မှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များသည် ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များရှိ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက Online စနစ်ဖြင့် အစည်းအဝေး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)က အဖွင့်အမှာစကားပြောကြားပြီး ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးက အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်ဖြစ်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေပုဒ်မ ၄၀၊ အပိုင်ခွဲ (ခ)အရ ထုတ်ပြန်မည့် တာဝန်ထမ်းဆောင်သည့်ကာလသတ်မှတ်ခြင်း စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက် (၅/၂၀၂၂) (စာမူကြမ်း)အား ဖတ်ကြားရှင်းလင်း၍ ဆွေးနွေးတင်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် အစီအစဉ်အရ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက တိုင်းဒေသကြီး/ပြည်နယ်အစဉ်လိုက် အကြံပြု ဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် အရာရှိကြီးများကလည်းကောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ၊ ဗဟိုဌာနချုပ်မှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များကလည်းကောင်း အကြံပြုဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ဆွေးနွေးအကြံပြုချက်များအပေါ် အခြေခံ၍ စည်းရုံးရေးဆိုင်ရာညွှန်ကြားချက် (၅/၂၀၂၂)ဖြင့် ထုတ်ပြန်မည့် တာဝန်ထမ်းဆောင်သည့်ကာလသတ်မှတ်ခြင်း (စာမူကြမ်း)ကို ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၏ ဆန္ဒ သဘောထားမေးမြန်း၍ အတည်ပြုချက်ရယူခြင်းနှင့် ညွှန်ကြားချက်များထုတ်ပြန်ရန် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ ဆန်၊ ဆီနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် မြ၀တီသတင်းစာ


MWVO

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ထားဝယ်မြို့နယ်နှင့် ပုလောမြို့နယ်များ အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင်  ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမနှင့် သက်ဆိုင်ရာတပ်နယ်ခန်းမများ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား နယ်မြေခံဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် မြ၀တီသတင်းစာ


MWVO

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။

မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် မြ၀တီသတင်းစာ


MWVO

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား 
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တို့ရှိ တပ်မတော်ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ .တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊
စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် မြ၀တီသတင်းစာ


MWVO

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအိမ်ရာနေ စစ်သည်များနှင့်မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းတွင်  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များက အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းပျဉ်းမြို့နှင့်တုံတာမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နှင့် တုံတာမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စက်တင်ဘာလ ၂၉ ရက် နေ့လည်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက နယ်မြေခံတပ်နယ်/တပ်ရင်းခန်းမများ၌ သီးခြားစီသွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဘိလပ်မြေအိတ်၊ ဆန်နှင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ကလေးမြို့နယ် အတွင်းရှိ
ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့ နေ့လည်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များက အဆိုပါမြို့ရှိ ပြည်ငြိမ်းအေးအိမ်ရာခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီ၊ ကြက်ဥနှင့် ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် မြ၀တီသတင်းစာ


MWVO

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ကြာသပတေးနေ့
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် မြ၀တီသတင်းစာ


MWVO

၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးသို့ တက်ရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူအများအပြားရှိနေစဉ် ကင်မွန်းချောင် တောင်တက်ယာဉ်စခန်းအား အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ်ကြားသိရပါသည်။
၂။ ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ ဝါကျွတ်အခါသမယတွင် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူခြင်းနှင့် အေးချမ်းစွာသွားလာနေထိုင်ခြင်းများကို ပျက်စီးစေလိုသည့်သဘောထားဖြင့် ယခုကဲ့သို့ လူမဆန်သောအကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းများအား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့

ပူတာအိုမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် မြ၀တီသတင်းစာ


MWVO

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့ နေ့လည်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များက ပူတာအိုတပ်နယ်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား နယ်မြေခံဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် မြ၀တီသတင်းစာ


MWVO

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်အသည်းရောဂါကု ဆေးရုံကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့်  ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား  ယနေ့တွင်  သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးနှင့်အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ စနေနေ့
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် မြ၀တီသတင်းစာ


MWVO

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၀၈၄၅ နာရီခန့်၌ ရန်ကုန်-နေပြည်တော်- လွိုင်ကော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုးအစား ATR-72 (600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော် လေဆိပ်သို့ဆင်းသက်ရန် လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းနေစဉ် အကြမ်းသမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အားထိမှန်ခဲ့ပြီး လေယာဉ် ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး ညာဘက်ပါးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်လျက် အပြစ်မဲ့ပြည်သူများအား အမျိုးမျိုးရန်ရှာကာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများနှင့် ယခုဖြစ်စဉ်အပါအဝင် အကြမ်းဖက် လုပ်ရပ်များကိုကျူးလွန်သည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့

တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် မြ၀တီသတင်းစာ


MWVO

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် သံဃာတော်အရှင်သူမြတ်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ထို့ပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာရှိ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် မြ၀တီသတင်းစား


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံ တပ်ရင်းခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ၊ မြို့နယ် (၂၆)မြို့နယ်မှ မြို့နယ် စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပုသိမ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးရှိ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ယနေ့တွင် တွေ့ဆုံအားပေးစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကွန်ဟိန်းမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက ကွန်ဟိန်းမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံတို့၌ သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဆေးဝါးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ   တိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် နောင်မွန် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် နောင်မွန်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့ နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းဆတ်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက နယ်မြေခံတပ်နယ်၊ ဘုရင့်နောင်ခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဘိလပ်မြေအိတ်များ၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်များနှင့် ကြက်ဥများကိုပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ပျဉ်းမနားမြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် မြ၀တီသတင်းစာ


MWVO

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြဒါးချောင်းကျေးရွာရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၈ ရက် ညနေပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ထို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်ပါသည်။
အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့ နေ့လည်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်က တိုင်းစစ်ဌာနချုပ်၊  ဗလမင်းထင်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သုတ၊ ရသ၊ စာအုပ် စာစောင်များ ပေးအပ်သည်။
ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးပြီး ထို့သို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအားစားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(လားရှိုး)၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြား၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများအား လိုက်လံကြည့်ရှုပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

“အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂’’ သို့
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ ရုပ်သံမှတစ်ဆင့် 
အခမ်းအနားတက်ရောက်ခြင်း


MWVO

တရုတ်ပြည်သူ့ ငြိမ်းချမ်းရေးနှင့်လက်နက်ဖျက်သိမ်းရေးအသင်း CHINESE  PEOPLE’S  ASSOCIATION  FOR  PEACE  AND  DISARMAMENT (CPAPD) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၅၃၀ နာရီမှ ၁၇၀၀ နာရီထိ ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” သို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) ဦးဆောင်သော မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် ရုပ်သံမှတစ်ဆင့် အခမ်းအနားတက်ရောက်သည်။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ၁၉၈၁ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး နှစ်စဉ်စက်တင်ဘာလ ၂၁ ရက်နေ့ တွင် အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်လျက်ရှိသည်။ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” ကို ကြီးမှူး၍ကျင်းပပြုလုပ်သော CPAPD သည် ၁၉၈၅ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရပ်ဘက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ခန့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သုတေသနအဖွဲ့ပေါင်း ၃၀၀ ကျော် တို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံတကာနှင့်ဒေသတွင်း လက်နက်ထိန်းချုပ်ရေး၊ ဖျက်သိမ်းရေး နှင့် မပြန့်ပွားရေးတို့အပေါ် အဓိကထားဆောင်ရွက်လျက်ရှိသည်။
CPAPD သည် ငြိမ်းချမ်းမှုပြန့်ပွားရေးနှင့် မြှင့်တင်ရေးတို့ကို အလေးထားလျက် ၁၉၈၉ ခုနှစ်မှစတင်၍ “သိပ္ပံနှင့်ငြိမ်းချမ်းရေး နိုင်ငံတကာသတင်းပတ်” (၃၃) ကြိမ် ကျင်းပပြုလုပ်ခဲ့မှုအပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ပူးတွဲ၍ “အပြည် ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား” (၈) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။
“အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” အား လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ ရုပ်သံမှတစ်ဆင့်လည်းကောင်း တက်ရောက်နိုင်သည့် ဖက်စပ်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာစံတော်ချိန် ၁၅၃၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Wang Quishan တက်ရောက်မိန့်ခွန်းပြောကြားဖွင့်လှစ်၍ နိုင်ငံပေါင်း ၆ နိုင်ငံ မှ နိုင်ငံရေးခေါင်းဆောင် ၆ ဦးနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း အတွင်းရေးမှူးချုပ်တို့က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် သံတမန်များက လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး နိုင်ငံအသီးသီးမှ နိုင်ငံရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့်  လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ကိုယ်စားလှယ်များက ရုပ်သံမှတစ်ဆင့် တက်ရောက်ခဲ့သည်။
အခမ်းအနားအား အစီအစဉ်အတိုင်းပြုလုပ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်အဖြစ် “ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိမ်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး ကနဦးလုပ်ငန်းအား အရေးယူ ဆောင်ရွက်ခြင်း” အား ရွေးချယ်အတည်ပြုခဲ့ပြီး မြန်မာစံတော်ချိန် ၁၇၀၀ နာရီတွင် အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသိရသည်။

လားရှိုးမြို့နယ်ရှိ ကွမ်းလုံမြို့နယ်နှင့် ပြည်မြို့နယ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်
ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက် မြ၀တီသတင်းစာ 


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့ နေ့လည်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၊ တိုင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက် မြ၀တီသတင်းစာ 


MWVO

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ၊ တပ်မတော် ဆေးရုံ၊ ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့နယ်ရှိ ကွမ်းလုံမြို့နယ်နှင့် ပြည်မြို့နယ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်
ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက် မြ၀တီသတင်းစာ 


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့ နေ့လည်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် ၊ တိုင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက် မြ၀တီသတင်းစာ 


MWVO

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ၊ တပ်မတော်ဆေးရုံ၊ ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား
ဂုဏ်ပြုငွေနှင့်စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် မြ၀တီသတင်းစာ 


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နေ့လည်ပိုင်းတွင် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စေတနာရှင် အလှူရှင်များက လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး တိုင်းမှူးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက မိတ္ထီလာမြို့ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲနှင့် တောင်တွင်းကြီးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းတို့၌ သွားရောက်တွေ့ဆုံပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး၊
ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် မြ၀တီသတင်းစာ


MWVO

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ် နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက် မြ၀တီသတင်းစာ



MWVO

ဧရာတီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင် များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိ သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံ ဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပြီး ထိုသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။

တောင်ကြီးမြို့နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအားတွေ့ဆုံ နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇ ရက် မြ၀တီသတင်းစာ



MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ PNO အသွင်းပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ တွေ့ဆုံသည်။ ထို့သို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ၊
ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈ ရက် မြ၀တီသတင်းစာ


MWVO

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင်  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်၊ ရွာဟေ့လူခန်းမ၌ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏   တင်ပြချက်များအပေါ်   လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။
ထို့ပြင် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ဆေးကုသရေးအဖွဲ့က လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးနေမှုကို တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀ ရက် မြ၀တီသတင်းစာ


MWVO

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံနှင့်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိစစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ
လုံခုတ်၊ ပေါင်းလင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ လုံခုတ်၊ ပေါင်းလင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ဇူလိုင်လ ၂၈ ရက် နေ့လယ်ပိုင်း တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များက ဟိုပုံးတပ်နယ်၊ နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက် မြ၀တီသတင်းစာ 


MWVO

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် နေအိမ်လိုင်းခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ကွတ်ခိုင်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးမှ  တာဝန်ရှိသူများက  နယ်မြေခံတပ်ခန်းမများနှင့် ရဲစခန်းများ၌ တွေ့ဆုံအမှာစကားပြောကြားပြီး စားသောက်ဖွယ်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများပေးအပ်သည်။
ထို့နောက် နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက် မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ပရဆေးဥယျာဉ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၃ ဦးတို့ကို ဆေးကုသမှုဆိုင်ရာ ရောဂါ၊ သွေးတိုးရောဂါ၊ သားဖွား/ မီးယပ်ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အာဟာရဖြည့်စွက်စာနှင့်ဟင်းသီးဟင်းရွက်များလှူဒါန်း
နေပြည်တော်၂၀၂၂ခုနှစ်၊ဇူလိုင်၂၁ရက်မြ၀တီသတင်းစာ


MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်က မြတ်မင်္ဂလာလမ်းနှင့်ရွှေကြာပင်လမ်းထောင့်၊ ဒက္ခိဏသီရိမြို့နယ်ရှိကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော အဘိုး၊ အဘွားများအတွက် ဇူလိုင်လ ၂၀ရက် နံနက်ပိုင်းတွင် အာဟာရဖြည့်စွက်စာနှင့်ဟင်းသီးဟင်းရွက်များလှူဒါန်းကြောင်းသိရသည်။
အဆိုပါ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော အဘိုး၁၁၅ဦး၊ အဘွား၅၈ဦး၊ စုစုပေါင်း၁၇၃ဦးတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်နိုင်ရေး အထောက်အကူဖြစ်စေသည့် သဘာဝသစ်သီးသစ်ဥများကို ဂျပန်နည်းပညာဖြင့်ဖော်စပ်ထုတ်လုပ်ထားသော အာဟာရဖြည့်စွက်စာအထုပ်ရေ ၂၀၀ (ကာလတန်ဖိုးငွေကျပ်ကိုးသန်းခန့်)နှင့် ခြံထွက်ဟင်းသီးဟင်းရွက်များအား မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့(ကိုယ်စား) မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်မျိုးဝင်း(ငြိမ်း) က ပေးအပ်လှူဒါန်းရာကရုဏာကမ္ဘာဘိုးဘွားရိပ်သာ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က လက်ခံရယူကြောင်း သိရသည်။

လောက်ကိုင်မြို့ရှိပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားသွားရောက်တွေ့ဆုံ၊စားသောက်ဖွယ်ရာများနှင့်လူသုံးကုန်ပစ္စည်းများပေးအပ်
နေပြည်တော်၂၀၂၂ ခုနှစ်၊ဇူလိုင်၁၁ရက်မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဇူလိုင်လ ၉ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များက နယ်မြေတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။ 
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား လောက်ကိုင်မြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းခတ်မြို့နယ်ရှိစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ
နေပြည်တော်၂၀၂၂ ခုနှစ်၊ဇူလိုင်၁၅ရက်မြ၀တီသတင်းစာ


MWVO

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက မိုင်းခတ်မြို့ရှိနယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးကအမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်၄မျိုးနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှစစ်မှုထမ်းဟောင်းအဖွဲ့ဝင်မသန်စွမ်း၁ဦးအားဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS)သင်တန်းတက်ရောက်ရန်အတွက်ပညာသင်ထောက်ပံ့ငွေများပေးအပ်
နေပြည်တော်၂၀၂၂ခုနှစ်၊ဇူလိုင်၁၉ရက်မြ၀တီသတင်းစာ


MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(အငြိမ်းစား)သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်နေသောစစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးမျိုးမြတ်မောင်(အငြိမ်းစား)အား ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်းတက်ရောက်ရန်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များတက်ရောက်ကြသည်။
ဦးစွ ာဗိုလ်ကြီးမျိုးမြတ်မောင်(အငြိမ်းစား)၏ ကိုယ်ရေးအချက်အလက်များကိုဖတ်ကြားပြီ းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ (ဗဟိုဌာနချုပ်) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(အငြိမ်းစား)က ပညာသင်ဆုထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အဆိုပါ အရာရှိသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းအရာရှိသည် မလေးရှားနိုင်ငံ၊ မလေးယား တက္ကသိုလ်မှ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကို ဂုဏ်ထူး ၇ခုဖြင့် အောင်မြင်ခဲ့ပြီ းလက်ရှိပညာသင်နှစ်တွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ခေါ်ယူသည့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ ဝင်ခွင့်စာမေးပွဲအောင်မြင်၍ တက်ရောက်နေပြီဖြစ်သဖြင့် ယခုကဲ့သို့ ဂုဏ်ပြုရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ပညာသင်ထောက်ပံ့ငွေကျပ် ၂၈သိန်းကို ပေးအပ်ချီးမြှင့်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးမျိုးမြတ်မောင်(အငြိမ်းစား)က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး(၂၀၂၂)ကျင်းပ
နေပြည်တော်  ဇွန် ၂၁


MWVO


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး (၂၀၂၂)ကို ဇွန် ၂၁ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)နှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း)က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ တန်းတူပြိုင်တူဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏အရန်အင်အားများအဖြစ် တာဝန်သိသိဖြင့် ပါဝင် ဆောင်ရွက်ရန် ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာဖြင့် အချင်းချင်းအပြန်အလှန်အကူအညီပေးရန်၊ နိုင်ငံတော်အကျိုးပြု လုပ်ငန်းများတွင် စုစည်းညီညွတ်စွာဖြင့် ပါဝင်ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက် ၄ ရပ်ကို အခြေခံလျက်ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် ပါတီနိုင်ငံရေးအနှောင်အဖွဲ့ကင်းပြီ းမိမိတို့ကိုယ်တိုင်ဆန္ဒပြုလျှောက်ထားသည့် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း အမျိုးသားအကျိုးစီးပွားကာကွယ်သည့်လုပ်ငန်းများကို လွတ်လွတ်လပ်လပ်ဂုဏ်သိက္ခာရှိရှိဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်ပါကြောင်း။
မိမိတို့အဖွဲ့ကြီး၏အခြေခံသည် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များပင် ဖြစ်ကြောင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၏ အရည်အသွေး တိုးတက်ကောင်းမွန်မှသာ ပြည်နယ်/တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ တိုးတက်ကောင်းမွန်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးလည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များအနေဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ရည်ရွယ်ချက် ၄ရပ်၊ ရှေ့လုပ်ငန်းစဉ် ၇ရပ်၊ လုပ်ငန်းကဏ္ဍကြီး ၅ရပ်ကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ညီလာခံ (၂၀၂၁)တွင် တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များကိုလည်း တစိုက်မတ်မတ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယခုအခါနိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို တပ်မတော်နှင့်ပူးတွဲ၍ ထမ်းဆောင်နေကြရသည့်အတွက် မိမိအနေဖြင့် များစွာလေးစားဂုဏ်ယူမိပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို သုံးသပ်လျက်တာဝန်ပေးအပ်လာသည့်အခါ တာဝန်ယူနိုင်ရန်အတွက်လည်း တစ်ဉီးချင်း အနေဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းလိုက်သော်လည်းကောင် းပြင်ဆင်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များတွင် လုပ်ငန်းအဖွဲ့များဖွဲ့စည်းရေး၊ နယ်မြေကြီးကြပ်ရေး တာဝန်ခံများခန့်အပ်ရေးနှင့် လစ်လပ်တာဝန်နေရာများကို ပူးတွဲထမ်းဆောင်ရေးစာတမ်းအား ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးက ဖတ်ကြားတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များ၊ စစ်ဆေးတွေ့ရှိချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေး ကြသည်။
ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့ဘဏ္ဍာရေးမှူးက (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် ရသုံးမှန်းချေငွေစာရင်းကို ဖတ်ကြားခြင်း၊ အတည်ပြုခြင်း များဆောင်ရွက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ဗဟိုကောင်စီဝင်များနှင့်ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာများအား ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ကြပြီး ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့တွင် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေး၊ နယ်မြေကြီးကြပ်ရေး တာဝန်ခံများခန့်အပ်ရေးနှင့် လစ်လပ်တာဝန်နေရာများကို ယာယီပူးတွဲထမ်းဆောင်ရေးတို့နှင့်သက်ဆိုင်သည့် စာတမ်းများအား အတည်ပြုခြင်း၊မှတ်တမ်းတင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများဆောင်ရွက်ကြပြီး သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း)က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထိန်းဝင်းကတောင်ငူမြို့နယ်အတွင်းလုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့်တပ်မတော်သားတစ်ဦးအားဂုဏ်ပြုချီးမြှင့်ငွေပေးအပ်နေပြည်တော်၂၀၂၂ခုနှစ်၊ဇူလိုင်၁ရက်မြ၀တီသတင်းစာ



MWVO

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင်နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းက တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက တောင်ငူမြို့နယ်အတွင်း လုံခြုံရေးတာဝန်များထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့ရှိတပ်မတော်ဆေးရုံ၌တက်ရောက်ကုသမှုခံယူနေသူများအား
ကြည့်ရှုအားပေးနေပြည်တော်၂၀၂၂ ခုနှစ်၊ဇူလိုင်၃ရက်မြ၀တီသတင်းစာ


MWVO

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများအား ယနေ့ညနေပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီ းစားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပူတာအိုမြို့နယ်ရှိခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံနေပြည်တော်၂၀၂၂ခုနှစ်၊ဇူလိုင်၅ရက်မြ၀တီသတင်းစာ



MWVO

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နေ့လည်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက   အမှာစကားပြောကြားပြီး  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏  တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက်တိုင်းမှူးနှင့်အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ သဘောထားထုတ်ပြန်ချက်



MWVO

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်မိန့်ခွန်း၌ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၇၅)နှစ်တာကာလအတွင်းလွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားများ အပြည့်အဝမခံစားရသေးသောကြောင့် ၂၀၂၂ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင်လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးနှစ်အဖြစ် တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များ ကိုယ်တိုင်နှင့်အဖွဲ့ဝင်(၂)ဦးစီ တက်ရောက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တလျက်ရှိသော ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့၏အရသာကိုရရှိခံစားနိုင်ရေးအတွက် ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်းသဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သဘောထားထုတ်ပြန်ချက်၁၃၈၄ ခုနှစ်၊နယုန်လဆန်း၃ရက်၂၀၂၂ ခုနှစ်၊ ဇွန်လ၁ရက်၊ဗုဒ္ဓဟူးနေ့

MWVO

နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များ၏ ပညာရေးနောက်ကျမှုမရှိစေရန် အခြေခံပညာကျောင်းများအား ဇွန်လ၂ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေ းစီမံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၅ရက်မှစတင်၍ ကျောင်းအပ်နှံမှုများအား စတင်လက်ခံဆောင်ရွက်ခြင်း၊ ကျောင်းဝတ်စုံ၊ ဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးခြင်းတို့ကို တာဝန်ရှိသူများကအင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများကမေလ ၃၁ရက် မွန်းလွဲ ၂နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင်အစည်းအဝေးခန်းမအားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရှိရပြီး အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ကြီး ၃ဦး မိုင်းစထိမှန်စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ဆရာ၊ ဆရာမ၄ ဦးနှင့်အရပ်သားဝန်ထမ်း၁ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိရာ ကျောင်းအုပ်ဆရာမကြီးတစ်ဦးမှာရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရပါသည်။
နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည်အဓိကကျသည့် အခြေခံအုတ်မြစ်ဖြစ်သဖြင့် လုံခြုံအေးချမ်းစွာပညာသင်ကြားနိုင်ရေးကို အနှောင့်အယှက်အဟန့်အတားပြုလုပ်သည့်အပြင် အပြစ်မဲ့ပြည်သူများ၏ အသက်ခန္ဓာများဆုံးပါးပျက်စီးအောင်ပြုလုပ်သည့် မည်သည့် အဖွဲ့အစည်းကိုမဆိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာပြစ်တင်ရှုတ်ချပါကြောင်းသဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်

MWVO

၁။ လူမျိုးတုန်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ OIC  အဖွဲ့ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ  တွင် တရားစွဲဆိုခဲ့ပါသည်။
၂။ ဂမ်ဘီယာနိုင်ငံက ICJ သို့ ဒုတိအကြိမ် ဦးတိုက်လျှောက်ထားမှုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် နယ်သာလန်နိုင်ငံရှိ ICJ တရားရုံးတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျ ကိုယ်စားလှယ်အဖြစ် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆောင်ရွက်ခဲ့ပါသည်။
၃။ တရားရုံးပထမနေ့တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကြားနာမှု၌ မြန်မာကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ အဖွင့်မိန့်ခွန်းတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေကြီးများအနေဖြင့် တရားရုံး၏ရှေ့မှောက်မှာ တရားစီရင် ပိုင်ခွင့်မရှိကြောင်း၊ ဆိုင်ရာဥပဒေများဖြင့် တိကျစွာ ဆန်းစစ်ကိုးကား၍ တင်ပြလျှောက်လဲ နိုင်ခဲ့သော ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များမှာ ကျေနပ်အားရဖွယ်တွေ့ရှိရပါသည်။
၄။ တရားရုံး၏ ဒုတိယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ နိဂုံးချုပ်မိန့်ခွန်း ပြည်ထောင်စုဝန်ကြီး ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ မြန်မာကိုယ်စားပြု ရှေ့နေကြီးများ၏ လျှောက်လဲချက်များပါ ဂမ်ဘီယာ နိုင်ငံက တင်သွင်းခဲ့သည့်အပေါ် တရားရုံးကစီရင်ပိုင်ခွင့်မရှိကြောင်းနှင့်၊ သို့မဟုတ် ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားချက်အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ကြိုဆို ထောက်ခံပါသည်။
၅။ ဤအမှုကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုအတွက် မြန်မာနိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကြိုးပမ်းကာကွယ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးစီးသည့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံ ကိုယ်စားပြု ရှေ့နေကြီးများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့သည် ယင်းတို့နှင့်တစ်သားတည်း ရပ်တည်လျက်ရှိပါကြောင်း ထုတ်ပြန်အပ် ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၃)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် အကြိမ်(၂၀)မြောက် အထွေထွေညီလာခံကျင်းပ


MWVO

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၃)ကြိမ်မြောက်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၃၃)ကြိမ်မြောက်အထွေထွေညီလာခံတို့ကို ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ် နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အစည်းအဝေးနှင့် အကြိမ်(၂၀)မြောက်အထွေထွေညီလာခံတို့ကို ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ဦးစီး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း) ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လေးဦး တက်ရောက်ကြသည်။
(၃၃)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို နံနက် ၈ နာရီတွင် ကျင်းပရာ သဘာပတိအဖြစ် ဗီယက်နမ်နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ Lieutenant General (Ret) Nguyen Song Phi က ဆောင်ရွက်သည်။ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် အကြိမ်(၂၀)မြောက် အထွေထွေညီလာခံသို့ တင်သွင်းမည့် အဆိုပြုတင်ပြထားသော ဆုံးဖြတ်ချက် (၁၀)ချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့သည်။
အကြိမ်(၂၀)မြောက် အထွေထွေညီလာခံကို မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ သဘာပတိ အဖြစ်  ဗီယက်နမ်နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ Senior Lieutenant General(Ret) Nguyen Van Duoc ကဆောင်ရွက်ခဲ့သည်။ ညီလာခံတွင် (၃၃)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုကာ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁)သို့ တက်ရောက်မိန့်ခွန်းပြောကြား

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ဒုတိယနေ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မိန့်ခွန်းပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံ(၂၀၂၁)သို့ တက်ရောက်လာကြသည့် စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့အသီးသီးက တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက် ကြသည်။
ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ကြီးကို ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး လုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်ရန်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် အကူအညီပေးရန်နှင့် နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်ဟူသည့် ရည်ချက်ချက်များနှင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းပင်ဖြစ်ကြောင်း။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်စစ်မှုထမ်း ဟောင်းအဖွဲ့များ၊မြို့နယ်အဆင့်စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်မှု ထမ်းဟောင်းများအဖြစ် တာဝန်ထမ်းဆောင်နေကြသူများသည် မိမိတို့၏ အသက်ခန္ဓာကိုပင် မငဲ့ကွက်ဘဲ နိုင်ငံတော်က ပေးအပ်လာသည့် တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြ သူများပင်ဖြစ်ကြောင်း၊ အဖွဲ့ကြီးသည် စည်းကမ်းပြည့်ဝသည့် တပ်မတော်သားအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးကြသူများနှင့် စနစ်တကျစုဖွဲ့ထားသည့် အဖွဲ့ကြီးဖြစ်သဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရသည့် ကျစ်လျစ်ခိုင်မာသည့်အဖွဲ့အစည်းကြီးလည်းဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ သမိုင်း၏မဖြစ်မနေ လိုအပ်ချက်အရ ပေါ်ပေါက်ခဲ့သည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)ပေါ်ပေါက်ခဲ့ခြင်းသည် မြန်မာ့လွတ်လပ်ရေးတံခါးကို အစပျိုးဖွင့်လိုက်နိုင်ခဲ့ ခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးလမ်းကြောင်းသည် ကြမ်းတမ်းခဲ့သကဲ့သို့ တိုင်းပြည် ပြိုကွဲလု နီးနီးအထိ ဖြစ်ခဲ့ရကြောင်း၊ ထိုကဲ့သို့အခြေအနေများတွင် မိမိတို့ တပ်မတော် သည်ရှိသမျှ လူ၊ လက်နက်၊ အင်အားများနှင့် တိုင်းပြည်ရန်စွယ် အသွယ်သွယ်ကို ကျားကုတ် ကျားခဲ တွန်းလှန်ပေးခဲ့ရကြောင်း။ မိမိတို့နိုင်ငံ သူ့ကျွန်ဘဝရောက်ရှိခဲ့ခြင်း၏ အဓိက အကြောင်းအရာကို လေ့လာကြည့်မည်ဆိုပါက စည်းလုံးညီညွတ်မှုအားနည်းခြင်းနှင့်အတူ အင်အားတောင့်တင်းပြီး စနစ်တကျစုဖွဲ့လေ့ကျင့်ထားသည့် ခေတ်မီတပ်မတော်တစ်ရပ် မရှိခဲ့ခြင်းကလည်း အဓိကအချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယနေ့ အခါတွင် တပ်မတော်အနေဖြင့် အတိတ်က မြန်မာ့သမိုင်းစဉ်၌ ကြုံတွေ့ခဲ့ရသည့် အားနည်းချက် များကို သင်ခန်းစာယူပြီး အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ကို တည်ဆောက်ပုံဖော်နေခြင်းပင် ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည်လည်း ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ တပ်မတော်၏ ဦးဆောင်မှုနှင့်အတူ ပေးအပ်လာသည့်အမိန့်နှင့်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရကြောင်း။
ယခုအခါ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ရယူခဲ့ရသည်မှာ မကြာမီ ၁၀ လ ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ နှင့် ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာရှိစေရေး ဆောင်ရွက်ပေး နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူ မှန်သမျှကို တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီကာကွယ်တားဆီးသွားရမည့် တာဝန်ရှိကြောင်း မိမိတို့ တပ်မတော်သည် အတိတ်သမိုင်းတွင်လည်း နိုင်ငံတော်အရေးပေါ်အခြေအနေများနှင့် ကြုံတိုင်း ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရသည့် သာဓကများရှိခဲ့ကြောင်း၊ ယနေ့ကာလ၌လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် မဲမသမာမူများစွာကို ဖန်တီးပြီး နိုင်ငံတော်အာဏာကို အတင်းရယူရန် ကြိုးစားခဲ့သူများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး အချိန်မီ ထိန်းသိမ်းပေးခဲ့ရကြောင်း၊ ထိုကဲ့သို့ တာဝန်ယူခဲ့ရသည့်ကာလအတွင်း ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ အဆင့်ဆင့် အကောင်အထည်ဖော်လျက်ရှိကြောင်း။
တပ်မတော်မှ နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနှင့်အညီ မဖြစ်မနေတာဝန်ယူခဲ့ရသည့် ဖြစ်စဉ်မှန်များကို မသိကျိုးကျွန်ပြုကာ တပ်မတော်နှင့်ပြည်သူသွေးကွဲအောင်၊ တပ်မတော် အင်အားချည့်နဲ့ပြီး တိုင်းပြည်ပြိုကွဲအောင် သွေးခွဲမှိုင်းတိုက်နေသည့် ပြည်တွင်း၊ ပြည်ပအဖျက် သမားများ၏ လုပ်ရပ်များကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်းကနေ သတိရှိရှိဖြင့် တွန်းလှန်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း။
ယနေ့အချိန်တွင် တိုင်းပြည်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားဖြစ်သည့် စစ်မှုထမ်းဟောင်းအဖွဲ့သည် တာဝန်သိသိနှင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ဒေသအချို့၌ သဘောထားကွဲလွဲသည့် သူများက တပ်မတော် မုန်းတီးရေးများ ပြောဆိုပြုလုပ်၍ အငြိမ်းစားတပ်မတော်သား စစ်မှုထမ်းဟောင်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်းတွေ့လာရပါကြောင်း၊ ယင်းတို့ကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် ပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်သွားဖို့ လိုကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်တွေမှာ ထိခိုက်ဒဏ်ရာရရှိ၊ သေဆုံးခဲ့ရသည့် စစ်မှုထမ်းဟောင်း များအတွက်လည်း အသိအမှတ်ပြုကြောင်းနှင့် ဝမ်းနည်းကြောင်းကို ပြောကြားလိုကြောင်း။
မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၆ တွင် ''နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ရန် တာဝန်ရှိသည်" ဟု ပြဋ္ဌာန်းထားကြောင်း၊ ယင်းပြဋ္ဌာန်းချက်နှင့်ဆက်စပ်ပြီး ပြည်သူ့စစ်မှု ထမ်းဥပဒေ(၂၀၁၀ပြည့်နှစ်)နှင့် အရန်တပ်ဖွဲ့ဥပဒေ(၂၀၁၀ပြည့်နှစ်)တို့ကိုလည်း ရေးဆွဲအတည် ပြုထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၌ အသက်အရွယ်ရောက်ပြီးသည့် နိုင်ငံသား တိုင်းသည် ကာလအပိုင်းအခြားအလိုက် စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ဆင့်ခေါ်ခြင်းအပါအဝင် လုပ်ထုံးလုပ်နည်းများကို ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားသည်ကို တွေ့နိုင်ကြောင်း၊ ထို့အပြင် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့် ရရှိထားသည့် စစ်မှုထမ်းတစ်ဦးအနေဖြင့် အရန်တပ်ဖွဲ့တွင် ပါဝင် ထမ်းဆောင်နိုင်ရေး အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊ လိုအပ်ပါက အဆိုပါ ဥပဒေများကို လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက်သွားမည်ပင်ဖြစ်ကြောင်း။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည် ရောဂါကုသရေး ဌာနများ၊ ရောဂါကာကွယ်ရေးဌာနများ၊ ကာကွယ်ဆေးထိုးနှံရေးဌာနများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ဆက်လက်၍လည်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ် ဒေသအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် လက်တွေ့ကျသည့် စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ပင်ဖြစ်ကြောင်း၊ "တပ်နှင့်ပြည်သူ မြဲကြည်ဖြူ၊ ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်"ဆိုသည့်အတိုင်း တစ်ခါ စစ်သားဖြစ်ခဲ့ဖူးသည့်စိတ်ကို သေတစ်ပန် သက်တစ်ဆုံး တပ်မတော်သားဆိုသည့် စိတ်ဓာတ်များနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ထမ်းဆောင်ရင်း မသန်စွမ်းဖြစ်သွားကြသည့် တပ်မတော်သားများနှင့် ကျဆုံး၊ သေဆုံးခဲ့ကြသော တပ်မတော်သား မိသားစုဝင်များကိုလည်း ထောက်ပံ့စောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်က အငြိမ်းစားယူသွားကြသည့် တပ်မတော်သား များနှင့် မိသားစုဝင်များ နောင်ရေးစိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရေး နေပြည်တော်တွင် ရှိသည့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအပြင် တိုင်းနှင့်ပြည်နယ်အလိုက်တွင်လည်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာများကို တည်ဆောက်ပေးခဲ့သကဲ့သို့ ဆက်လက်၍လည်း တည်ဆောက် ပေးလျက်ရှိကြောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ရသည့်စစ်သည်များ အငြိမ်းစားယူပြီးသည့်နောက်တွင် ဘဝအာမခံချက်ရှိစေရေး၊ အသက်မွေးမှု အတတ်ပညာများကိုလည်း တပ်မတော်အသက်မွေးမှု အတတ်ပညာသင်စခန်း များတွင် သင်ကြားပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက်ကိုသာမက မှီခိုသူသားသမီးများ၊ စစ်မှုထမ်းဟောင်းသား သမီးများ၏ ပညာရေးအတွက်ပါ အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း။
တိုင်းပြည်တည်ငြိမ်အေးချမ်းစေရေး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးသည် မရှိမဖြစ် လိုအပ်သည့် အရာပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အပြည့်အဝရောက်ရှိပြီး မိမိတို့အားလုံး တူညီစွာလိုလားသည့် နိုင်ငံရေးစနစ်တခုတည်ဆောက်နိုင်ကျရေးကို တပ်မတော်က စိတ်ရင်းစေတနာမှန်မှန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်အနေဖြင့် တိုင်းပြည်၏လိုအပ်ချက်အရ တာဝန်ထမ်းဆောင်နေရသည့် အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ သန့်သန့်ရှင်းရှင်းဖြူဖြူစင်စင် ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း ချမှတ်ပေးထား သည့်  လုပ်ငန်းကဏ္ဍကြီး(၅)ရပ်ကို ယခုထက်မက ပိုမိုအောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လုံ့လစိုက်ထုတ်ကြိုးစားသွားကျရန် တိုက်တွန်းမှာကြားလိုကြောင်း၊ တပ်မတော် သားဟောင်းများဖြစ်သည့် စစ်မှုထမ်းဟောင်းများသည် တပ်မတော်၏အစဉ်အလာကောင်း များကို ထာဝစဉ်ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့်ဂုဏ်သိက္ခာ များကိုလည်း ဆက်လက်စောင့်ထိန်းသွားကြရမည်ဖြစ်ကြောင်း ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားကြရမည်ဖြစ်ကြောင်း ချမှတ်ပေးထားသည့် ရှေ့လုပ်ငန်းစဉ်(၇)ရပ်နှင့် လုပ်ငန်းကဏ္ဍကြီး(၅)ရပ်ကို စစ်သားကောင်းတစ်ယောက်ပီပီ လိုက်နာ အကောင်အထည်ဖော်ပြီး ပြည်သူနှင့် တပ်မတော်ကြား ခိုင်မာသည့်ပေါင်းကူးသဖွယ် ဖြစ်အောင် ကြိုးစားသွားကြမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ 
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)က မသန်စွမ်းစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများနှင့် တပ်မတော်ဆိုင်ရာတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားလျက်ရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။
၄င်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသည့်  မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁)နှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ပထမနေ့ကို နိုဝင်ဘာ ၂၅ ရက်နေ့ တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့၊ ဗဟိုဌာနချုပ်၌ကျင်းပရာ ဗဟိုကောင်စီဝင်(၆၂)ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့ (၂၁)ဖွဲ့တို့မှ အဖွဲ့ဝင်များနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြဝင်း(အငြိမ်းစား)နှင့် သဘာပတိအဖွဲ့ဝင်များဖြစ်ကြသည့် ဗဟိုအမှုဆောင်အဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးချုပ် ကျော်ဇံမြင့်(အငြိမ်းစား)နှင့် ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးနေဝင်း(အငြိမ်းစား)တို့က သတ်မှတ်နေရာများတွင် နေရာယူကြသည်။
ထို့နောက် သဘာပတိ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြဝင်း (အငြိမ်းစား)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုကောင်စီ၏ အစီရင်ခံစာနှင့် ဗဟိုအမှုဆောင်အဖွဲ့၏ စာတမ်းကို ဗဟိုအမှုဆောင်အဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် မြင့်ဟိန်း(အငြိမ်းစား)က ဖတ်ကြားတင်သွင်းသည်။
ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဝင်များ ရွေးကောက် တင်မြှောက်ခြင်း၊ ဗဟိုကောင်စီဝင်များ၏ အမည်စာရင်းအား ကြေညာခြင်း၊ ကတိသစ္စာ ပြုခြင်းများ ဆောင်ရွက်ကြပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။
ယင်းနောက် ညီလာခံခေတ္တရပ်နားစဉ် ဗဟိုကောင်စီအစည်းအဝေးနှင့် ဗဟိုအမှုဆောင် အစည်းအဝေးများကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပကြသည်။
ထို့နောက် ညီလာခံ ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဗဟိုအမှုဆောင်အဖွဲ့ ဝင်များ၏ အမည်စာရင်းကြေညာခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၏ ရာထူး/တာဝန်များ ကြေညာခြင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယကအဖွဲ့များ ရွေးချယ်ခြင်းနှင့် တိုင်း ဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယကအဖွဲ့များ ရွေးချယ်တင်မြှောက် ခြင်းများ ဆောင်ရွက်ကြပြီး ညီလာခံပထမနေ့ အစီအစဉ်များအား ရပ်နားသည်။
ညီလာခံ(၂၀၂၁) ပထမနေ့တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဥပဒေ(၁၉၈၉)၏ အခန်း(၄)၊ အပိုဒ်(၁၃)အရ ဗဟိုကောင်စီဝင်(၇၆)ဦးကိုလည်းကောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်း များအပိုဒ်၊ ၄၈ နှင့် စည်းရုံးရေးညွှန်ကြားလွှာအခန်း(၄)၊ အပိုဒ် ၇၉ (ခ) အရ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်(၃၄)ဦးကိုလည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုကောင်စီအစည်းအဝေးကျင်းပ



MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်နေ့ က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်၌ကျင်းပခဲ့ရာ ဗဟိုကောင်စီဝင်(၆၂)ဦးတက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြဝင်း(အငြိမ်းစား)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ညီလာခံ(၂၀၂၁)ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဗဟိုကောင်စီဝင် ဗိုလ်မှူးချုပ် မြင့်ဟိန်း(အငြိမ်းစား)က ညီလာခံဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။ 
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက ၄င်းတို့၏လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ညီလာခံ(၂၀၂၁)သို့ တင်သွင်းကြမည့် ဗဟိုကောင်စီအစီရင်ခံစာအကျဉ်းချုပ်ကို ဖတ်ကြားတင်ပြခြင်း၊ အတည်ပြုခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ စာတမ်းအကျဉ်းချုပ်ကို ဖတ်ကြား တင်ပြခြင်း၊ အတည်ပြုခြင်း၊ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်(၁၀/၂၀၂၁ လမှ ၃/၂၀၂၂ လအထိ) ဘဏ္ဍာရေးလျာထားချက်ကို အတည်ပြုခြင်း၊ ရွေးချယ်မည့်လျာထားညီလာခံကိုယ်စားလှယ် အမည်စာရင်းကို အတည်ပြုခြင်းနှင့် ဆုံးဖြတ်ခြင်း(၇)ရပ်၊ အတည်ပြုခြင်း(၁)ရပ်၊ မှတ်တမ်းတင်ခြင်း(၈)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး ဗဟိုကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြော ကြားကာ အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ဝါဆိုသင်္ကန်းဆက်ကပ်

MWVO

ဇွန်လ ၃၀ ရက်     မြ၀တီ
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၏ (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပသည်။ရှေးဦးစွာ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများကရွှေအင်တောင် ကျောင်းတိုက်ဆရာတော် ဦးဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ထံ ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနားသို့ တက်ရောက်လာကြ သူများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် များ လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။အခမ်းအနားသို့ လယ်ဝေးမြို့ အင်ဘုကျောင်းတိုက်ဆရာတော် ဦးကောသလ္လအမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟို အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း)နှင့်ဇနီး၊ ဗဟိုအမှုဆောင်အဖွဲ့၀င်များ၊ ဗဟိုဌာနချုပ်၊ ဌာနချုပ်မှူးနှင့် အရာထမ်း၊ အမှုထမ်းများ၏ မိသားစု၀င်များ တက်ရောက် ကြောင်း သိရသည်။





မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ နေပြည်တော်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နှင့် ကွပ်ကဲမှုအောက် မြို့နယ်ရှစ်မြို့နယ်သို့ ရောဂါကာကွယ်ရေး Mask အခုရေ ၁၅၀၀ လှူဒါန်း

MWVO

မေ ၅ မြ၀တီသတင်းစာ
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ နေပြည်တော်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ရှစ်မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များသို့ ရောဂါကာကွယ်ရေး Mask များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဗဟိုဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။အခမ်းအနားသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း)နှင့် ဗဟိုအမှုဆောင်အဖွဲ့၀င်များ၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်မျိုး၀င်း(ငြိမ်း)နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး အေးမင်း(ငြိမ်း)နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌက အဖွင့်အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် မိသားစု၀င်များအား COVID-19 ရောဂါနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ရေးတို့အား မှာကြားသည်။ ထို့နောက် ဌာနချုပ်မှူးက ရောဂါကာကွယ်ရေး Mask အခုရေ ၁၅၀၀ ကို နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ကွပ်ကဲမှုအောက်မြို့နယ် ရှစ်မြို့နယ်သို့ လှူဒါန်းသည်။  
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့အားလုံးသို့ရောဂါကာကွယ်ရေး Mask အခုရေ ၃၅၀၀၀ ကို ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

MWVO

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိကျင်းပပြုလုပ်သော အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်း အဖွဲ့၏ (၁၉)ကြိမ်မြောက် အထွေထွေညီလာခံနှင့် (၃၂)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့(စည်ပင်အတွင်း/ပြင်ပ)မှ တာ၀န်ရှိသူတို့က လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၁၉)ကြိမ်မြောက် အထွေထွေညီလာခံနှင့် (၃၂)ကြိမ်မြောက်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ရန် ထွက်ခွာ

MWVO

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ၂၀၁၉ ခုနှစ်၊ ယနေ့မှ ၁၂ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၁၉)ကြိမ်မြောက် အထွေထွေညီလာခံနှင့် (၃၂)ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာကြသည်။မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့(စည်ပင်အတွင်း/ပြင်ပ)မှ တာ၀န်ရှိသူတို့က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ဥက္ကဌ ကြို့ပင်ကောက်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့်တွေ့ဆုံ



MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း)သည် ယနေ့ နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး သာယာ၀တီခရိုင် ကြို့ပင်ကောက်မြို့နယ်စစ်မှုထမ်းဟောင်းရုံးအတွင်း ကြို့ပင်ကောက်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် အခမ်းအနားမှူးက ဖွင့်လှစ်ကြောင်းကြေညာပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း)က အဖွင့်အမှာစကားပြောကြားရာတွင် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များသည် တပ်မတော်တွင် စတင်၀င်ရောက်ချိန်မှစ၍ အသက်ကို စွန့်လွှတ်ကာ ကြိုးစားဆောင်ရွက်သူများဖြစ်ကြောင်း၊ တပ်မတော်မှ အနားယူပြီးသည့်နောက်ပိုင်းတွင်လည်း တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နိုင်ရန် အဖွဲ့၀င်အဖြစ် ၀င်ရောက်ခဲ့သူများဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့သည် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်မာစွာရပ်တည်နေသော အဖွဲ့ဖြစ်ကြောင်း အကျယ်တ၀င့်ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌက လုပ်ငန်းတာ၀န်ကြီး ငါးရပ်ဆောင်ရွက်နေမှုများကို အစီရင်ခံစာဖြင့် တင်ပြရှင်းလင်းကာ ဗဟိုဥက္ကဌက နိဂုံးချုပ်စကားပြောကြားရာတွင် "ယနေ့တက်ရောက်လာကြာသော ကြို့ပင်ကောက်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၀င်များသည် မိမိသားသမီးများအား ဗဟိုဥက္ကဌ အနေဖြင့် အထူးပြောကြားလိုသည်မှာ ပညာရေးမြင့်မားအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပညာအရာမှာ ထူးချွန်သူများကိုလည်း စစ်မှုထမ်းဟောင်းဗဟိုဥက္ကဌနှင့် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်လျက်ရှိသလို နောင်အခါများတွင်လည်း ပညာထူးချွန်သူများ တိုးပွားချီးမြှင့်ရန် ဆန္ဒများ ရှိပါကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့၀င် အင်အားများကိုလည်း တိုးပွားအောင် စည်းရုံးသွားကြရန် လိုအပ်ကြောင်းနှင့် အဖွဲ့၏ ကိစ္စရပ်များအား စည်းလုံးညီညွတ်စွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့ပြီး နံနက် ၉ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။
အခမ်းအနားသို့ စည်ပင်သာယာမြို့နယ်အတွင်းရှိ ကြို့ပင်ကောက်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့အင်အား ၈၀ တက်ရောက်ကာ တက်ရောက်လာသူတို့အား ဗဟိုဥက္ကဌက ကြက်ဥနှင့် စားသုံးဆီများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး(၂၀၁၉)ကျင်းပ

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး(၂၀၁၉)ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၊ ညီလာခံခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ၊ဗဟိုကောင်စီ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ၀င်များ တက်ရောက်ကြသည်။
ယနေ့ ဒုတိယနေ့အစည်းအဝေးတွင် ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး(၂၀၁၉)ပထမနေ့မှ ပြည်နယ်၊ တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဗဟိုကောင်စီ၀င်များ၏ ဆွေးနွေးတင်ပြမှ ုများနှင့် ဗဟိုကောင်စီ၀င်များ၏ ဆွေးနွေးတင်ပြချက်များအရ မှတ်တမ်းတင်ခြင်း (၇)ရပ်၊ အတည်ပြုခြင်း (၂)ရပ်နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း(၇)ရပ်တို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုကောင်စီဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှာ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံအတွက် စွန့်လွှတ်စွန့်စားလိုသောစိတ်ဓာတ်အပြည့်နဲ့ သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားစစ်သည်ဟောင်းများနှင့် စနစ်တကျဖွဲ့စည်းထားတာဖြစ်တဲ့အတွက် နိုင်ငံနှင့် တပ်မတော်အတွက် အင်မတန်ခိုင်မာတောင့်တင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် တပ်မတော်၏ အရန်အင်အားစု ဖြစ်သော စစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် တပ်မတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ် ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၊ ဗဟိုကောင်စီ၀င် များက မိမိတို့ကျရာ ကဏ္ဍအလိုက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်စေလိုပါကြောင်းနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ကြီးမှာ အစဉ်အလာကောင်းတွေနဲ့ခိုင်ခိုင်မာမာရပ်တည်နေနိုင်ရန် ရည်ရွယ်ချက်(၄) နဲ့အညီ ရှေ့လုပ်ငန်းစဉ်(၇)ရပ်ကို အကောင်အထည်ဖော်ပြီး လုပ်ငန်းကဏ္ဍကြီး(၅)ရပ်ကို အောင်မြင်အောင် စည်းစည်းရုံးရုံး ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး(၂၀၁၉)ကျင်းပ

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး(၂၀၁၉)ပထမနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံစစ်မှုထမ်းေဟာင်းအဖွဲ့ ဗဟိုကောင်စီ၀င်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဌ ဗိုလ်ချုပ်မြ၀င်း(အငြိမ်းစား)က အဖွင့်အမှာ စကားပြောကြားပြီးနောက် (၂၀၁၈−၂၀၁၉)ခုနှစ် ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာအား ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးကဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်နယ်၊ တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့သို့ ဗဟိုကောင်စီ၀င်များက စစ်ဆေးရေးလုပ်ငန်းကဏ္ဍ၊ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းကဏ္ဍ၊ စီးပွားရေးလုပ်ငန်းကဏ္ဍ၊ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကဏ္ဍ၊ ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍများကို ဆွေးနွေးတင်ပြကြပြီးနောက် ဗဟိုအမှုဆောင် အဖွဲ့ အတွင်းရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့အစီရင်ခံစာအား အတည်ပြုကြပြီးနောက် ဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးက (၂၀၁၉−၂၀၂၀) ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းတင်ပြခြင်းနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ပြီးနောက် လစ်လပ်သွားသော ကောင်စီ၀င်တာ၀န်နေရာ များကို တင်ပြမှတ်တမ်းတင်ခြင်း၊ ထပ်တိုး ရွေးချယ်မည့် ဗဟိုကောင်စီ၀င် ငါးဦးလျာထားချက်ကို တင်ပြအတည်ပြုခြင်းနှင့် ပြည်နယ်၊ တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အသီးသီးမှာ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်သည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီညီလာခံအစည်းအဝေး(၂၀၁၉)ပထမနေ့ကို ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းလိုက်ပြီးနောက် နို၀င်ဘာလ ၈ရက်နေ့တွင် ဒုတိယနေ့အစည်းအဝေးအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်း(မကွေး)၌ အဆင့်မြင့်စည်းရုံးရေး သင်တန်းဖွင့်

MWVO

ပြည်ထောင်စု သြဂုတ်လ ၆
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ စစ်မှုထမ်းဟောင်းလေ့ကျင့်ရေး သင်တန်းကျောင်း (မကွေး)တွင် အဆင့်မြင့်စည်းရုံးရေးသင်တန်း အမှတ်စဉ် ၄၆/၂၀၁၉ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈နာရီက ယင်းသင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် အောင်သော်(ငြိမ်း)က သင်တန်းကျောင်းများကို ရန်ကုန်၊ မန္တလေး နှင့်မကွေးမြို့တို့တွင် အရည်အချင်းပြည့်၀သည့် အမာခံစည်းရုံးရေးမှူးများ မွေးထုတ်ပေးနိုင်ရေး စစ်မှုထမ်းဟောင်းနှင့် မိသားစု၀င်များအား စက်မှုနှင့် သက်မွေးပညာရပ်အခြေခံများ တတ်မြောက် စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းတို့ဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအား တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင်သင်တန်းကို စစ်မှုထမ်းဟောင်းဆိုင်ရာကိစ္စရပ်များ စနစ်တကျ စီမံခန့်ခွဲတတ်စေရေး၊ လက်ရှိနိုင်ငံတော်၏ အမျိုးသားကဏ္ဍများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေး စသည့်ရည်ရွက်ချက်များဖြင့် ဖွင့်လှစ်သင်ကြားနေခြင်း ဖြစ်ပါကြောင်း ထည့်သွင်းပြောကြား သည်။
အဆိုပါသင်တန်းအား စစ်မှုထမ်းဟောင်းဘာသာရပ်များ၊ စည်းရုံးရေးဘာသာရပ်များ၊ ၀န်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရုံးလုပ်ငန်းဆိုင်ရာများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများနှင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို ယခုလ ၃၀ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ရာ နေပြည်တော်၊ မကွေး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ သင်တန်းသား ၄၅ ဦး တက်ရောက်ကြကြောင်း သိရသည်။

အသက် ၇၅ နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များကို ထောက်ပံ့ငွေပေးအပ်

MWVO

မြ၀တီ  ဇူလိုင် ၂၃
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)ဌာနချုပ်မှ အသက် ၇၅ နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င် ၂၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၃ သိန်း ပံ့ပိုးပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ စစ်မှုထမ်းဟောင်းရုံးခန်းမ၌ ဇူလိုင် ၂၁ ရက်က ကျင်းပသည်။
အခမ်းအနားတွင် ဒဂုံ(မြောက်ပိုင်း)မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး စိုးမြင့်(ငြိမ်း)က အသက် ၇၅ နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား ပံ့ပိုးငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး စိုးမြင့်(ငြိမ်း)၊ ဒုတိယဥက္ကဌ ဗိုလ်မှူးစောငွေ(ငြိမ်း)၊ အတွင်းရေးမှူး ဗိုလ်မှူး ကျော်ညိန်း(ငြိမ်း) နှင့် တာ၀န်ရှိသူတို့က အသက် ၇၅ နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်တစ်ဦးချင်းစီကို ပံ့ပိုးငွေ များပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

လားရှိုးမြို့နယ်၊ ရှန်ခိုက်ကျေးရွာနှင့် ပတ်၀န်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်၊ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား တွေ့ဆုံ
မေလ ၁၃ မြ၀တီ



MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှန်ခိုက်ကျေးရွာနှင့် ပတ်၀န်းကျင်ကျေးရွာများရှိ ဒေသခံတိုင်းရင်း သားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က လားရှိုးမြို့ ပေါ်တော်မူသီရိသျှီ၀ရှန်ခိုက် ဘုရားကျောင်း၀င်းအတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၄၇၃ ဦးတို့အား သွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ခြောက်ဦးအားလားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့၀င်များက သွားရောက်ကြည့်ရှု ၍အားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့၀င်များသည် ရှန်ခိုက်မျှော်လင့်ခြင်း ဂေဟာအတွက် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့၀င်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား တွေ့ဆုံပွဲကို တိုင်းစစ်ဌာနချုပ် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးနှင့်အဖွဲ့၀င်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ နာယက တိုင်းမှူးတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများပေးအပ် သည်။
ထို့နောက် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၇၄)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား အလှူငွေများပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် မတ် ၁၉



MWVO

(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာမြို့နယ်ရှိ အသက်(၈၀)နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ နှင့် နိုင်ငံတော်ကာကွယ်ရေးတာ၀န်ထမ်းဆောင်စဉ် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ ရသည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား အလှူငွေများပေးအပ်ခြင်းကို မတ် ၁၈ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ ကန်တော်မင်ခန်းမ၌ပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် အလှူရှင်များ တက် ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ၊ ဒုတိယတိုင်းမှူးနှင့် တာ၀န်ရှိသူများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး အလှူရှင်များက အလှူငွေများ အသီးသီးပေးအပ်ကြသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် မိသားစု၀င် ၁၀၀ ဦးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊  စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ အာထရာဆောင်း ရိုက်ပေးခြင်းနှင့် ဆီးချို၊ သွေးချိုစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ၊ ဒုတိယတိုင်းမှူးနှင့် အဖွဲ့၀င်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၀င် များအား တွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
မြ၀တီ မတ် ၈


MWVO


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့၀င်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၀င်များအား တွေ့ဆုံပွဲကို ယနေ့နေ့ လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့၀င်များ၊ စစ်မှုထမ်းဟောင်းနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၀င်များ တက်ရောက်ကြသည်။ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့၀င်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၀င်များ၏ တင်ပြချက်များကို လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှု ထမ်းဟောင်း အဖွဲ့၀င်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၀င် ၁၂၅ ဦးတို့အား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/ လည်ခေါင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ယင်းသို့ဆောင် ရွက်နေမှုများကို တိုင်းမှူးနှင့် အဖွဲ့၀င်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၀င် များအား တွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
 မြ၀တီ မတ်လ ၆


MWVO

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့၀င်များအား မတ် ၅ ရက် နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲ၀င်းဦးနှင့် အဖွဲ့၀င်များက အဆိုပါမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့၀င်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၀င်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေး အပ်သည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်း ဟောင်းအဖွဲ့၀င်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၀င်များနှင့် နယ်မြေခံ တပ်ရင်းမှ မိသားစု၀င်များကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူးနှင့် အဖွဲ့၀င်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ကရင်ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ကွပ်ကဲမှုအောက်ရှိမြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား တွေ့ဆုံ

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား) သည် ကရင်ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ကံညွန့်(အငြိမ်းစား)လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ထီလုံစစ်မှုထမ်းဟောင်းအိမ်ရာသို့ ရောက်ရှိ၍ စစ်မှုထမ်းဟောင်း အဖွဲ့၀င်များ၊ အရန်အဖွဲ့၀င်မိသားစုများနှင့် တွေ့ဆုံခဲ့ပြီး စစ်မှုထမ်းဟောင်း အိမ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ဘားအံမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ကရင်ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့များ၊ ကွပ်ကဲမှုအောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌက စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၊ အရန်အဖွဲ့၀င် မိသားစုများ၏ တင်ပြချက် များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရှေ့တန်းရောက် တပ်မတော်သားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့၀င်၊ အရန်အဖွဲ့၀င် မိသားစုများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဌ မွန်ပြည်နယ်မြို့နယ်လေးခုသို့သွားရောက် အဖွဲ့၀င်များနှင့်တွေ့ဆုံ

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)သည် ယမန်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်များသို့ သွားရောက်၍ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ရုံးများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မြို့နယ် ဥက္ကဌများ၊ မြို့နယ်အမှုဆောင်အဖွဲ့၀င်များအား ရုံးအသီးသီးတွင် တွေ့ဆုံ၍ စစ်မှုထမ်း ဟောင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
မွန်ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၀ မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌများအား မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)က ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ သာသနာ့ဗိမာန်လမ်းပေါ်ရှိ ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင် အဖွဲ့ ဥက္ကဌက အဖွဲ့၏ ရည်ရွယ်ချက်လေးရပ်၊ ရှေ့လုပ်ငန်းစဉ်ခုနှစ်ရပ်၊ လုပ်ငန်း ကဏ္ဍကြီး (၅)ရပ်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈) တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအမှုဆောင်အဖွဲ့များအား တွေ့ဆုံခြင်း၊ ရုံးများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏
(၁၈)ကြိမ်မြောက် အထွေထွေညီလာခံတွင် ဂုဏ်ထူးဆောင်ဆုလက်ခံရယူရန်ထွက်ခွာ


MWVO

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ နိုင်ငံ များစစ်မှုထမ်းဟောင်းအဖွဲ့၏ (၁၈)ကြိမ်မြောက် အထွေထွေညီလာခံ၌ ဂုဏ်ထူးဆောင်ဆု လက်ခံရယူရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(ရုံး)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဆန်းဦး နှင့် ဗိုလ်ချုပ် ဇာနည်၀င်း(အငြိမ်းစား)တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ဗိုလ်ချုပ် ဇာနည်၀င်း(အငြိမ်းစား)တို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သတ်ပုံနှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း)
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏
(၁၈)ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် ထွက်ခွာ


MWVO

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ နိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၁၈)ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မြ၀င်း(ငြိမ်း) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ တာ၀န်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်း အဖွဲ့မှ တာ၀န်ရှိသူတို့က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်ရှုတ်ချပွဲ ဗန်းမော်မြို့နတွင် ကျင်းပ

MWVO

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ တပ်မတော် ထောက်ခံပွဲနှင့် ပြင်ပစွက်ဖက်မှုများအား ဆန့်ကျင်ရှုတ် ချပွဲအား ယနေ့နံနက် ၉ နာရီက ဗန်းမော်မြို့နယ် မြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့သည်။
အဆိုပါ တပ်မတော်ထောက်ခံပွဲနှင့် ပြင်ပစွက်ဖက်မှုများအား ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်ပွဲအား မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ ဥက္ကဌ ဗိုလ်မှူး သူရခင်မောင်ညွန့်(ငြိမ်း)က ဦးဆောင်၍ စစ်မှုထမ်းဟောင်း အဖွဲ့၀င်များ၊ အရန်စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ စုစုပေါင်း ခန့်တက် ရောက်ပြီး တပ်မတော်အင်အားချိုးနှိမ်မှု မှန်သမျှ တို့လုံး၀လက်မခံ၊ APHR ၏ အောက်လုံးအစီရင်ခံစာကို အလိုမရှိ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သောတပ်မ တော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာကို တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebookကို လုံး၀ဆန့်ကျင်ရှုတ်ချသည်။ မြန်မာ့တပ်မတော်ကိုအပြည့်အ၀ထောက်ခံသည့် စသည့်ဗွီနိုင်းဆိုင်းဘုတ်များ အား ကိုင်ဆောင်ကာ မြို့တော်ခန်းမရှေ့၌ရပ်တန့်လျက် နံနက် ၁၀နာရီ အထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကြသည်။
ထိုသို့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရခြင်းမှာ တပ်မတော်၏ မှန်ကန်သော လုပ်ဆောင်ချက်များအား အကြွင်းမဲ့ယုံကြည်ခြင်း၊ တပ်မတော်၏ ပုံရိပ်ကျဆင်းလာရန်နှင့် အင်အားချည့်နဲ့စေရန် ရည်ရွယ်ကာ နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နှောင့်ယှက်သည့် ပြည်ပနိုင်ငံအချို့နှင့် အပေါင်းအပါအဖွဲ့အစည်းများ၊ မီဒီယာအချို့မှ တစ်ဖက်သတ်စွပ်စွဲချက် များဖြင့် ပြောင်ပြောင်တင်းတင်း၀င်ရောက်စွက်ဖက်နေခြင်းများအား ဆန့် ကျင်သည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း စစ်မှုထမ်းဟောင်းအဖွဲ့၀င်များထံမှသိရသည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကျင်းပ

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင် နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၉ နာရီမှ ၁၀နာရီအထိ တနင်္သာရီတိုင်း ဒေသကြီး ထား၀ယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ရုံးအနီး ဟစ်တိုင်ရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ထား၀ယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်များအတွင်း နေထိုင်ကြသော မြို့နယ် လေးမြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ ၄၀၀ ဦးနှင့် အရန်စစ်မှုထမ်း ဟောင်း အဖွဲ့၀င်အင်အား ၂၁၀ဦး စုစုပေါင်း ၆၁၀ ဦးတို့က နိုင်ငံတော် အလံ များ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာ တပ်မတော်ကို အပြည့်အ၀ထောက်ခံသည်၊ တပ်မတော်အင်အားချိုးနှိမ်မှု မှန်သမျှ တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင်ရှုတ်ချသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သောတပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာကို တို့လုံး၀လက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာကို အလိုမရှိဟူသော ဆိုင်းဘုတ်များကိုင်ဆောင်၍ တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကြသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ယခုအကြိမ်အပါအ၀င် ၁၄၀ကြိမ် စုစုပေါင်းအင်အား ၇၀၂၄၆၀ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကျင်းပ

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ကရင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ တို့က ကြီးမှူး၍ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင် နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ဘားအံမြို့ကမ်းနားလမ်း ပြည်သာယာ သင်္ဘောဆိပ်ကမ်းအနီး၌ ကျင်းပသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့  ဗဟို အလုပ်အမှုဆောင် ကော်မတီ၀င် ဗိုလ်မှူးကြီး ကံညွန့်(ငြိမ်း)ဦးဆောင်သည့်  ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ဖာပွန်၊ သံတောင်ကြီး မြို့နယ်တို့မှ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် အရန်စစ်မှုထမ်းဟောင်း အဖွဲ့၀င်အင်အား ၆၀၀ဦးတို့က နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာ တပ်မတော်ကို အပြည့်အ၀ထောက်ခံသည်၊ တပ်မတော်အင်အားချိုးနှိမ်မှု မှန်သမျှ တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင်ရှုတ်ချသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သောတပ်မ တော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာ ဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာကို တို့လုံး၀လက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာကို အလိုမရှိဟူသော ဆိုင်းဘုတ်များကိုင်ဆောင်၍ တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကြသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ယခုအကြိမ်အပါအ၀င် ၁၃၉ကြိမ် စုစုပေါင်းအင်အား ၇၀၁၈၅၀ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကျင်းပ

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ မြစ်ကြီးနားမြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့က ကြီးမှူး၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်မြစ်ကြီးနား မြို့ ယုဇနရပ်ကွက် ပြည်ထောင်စုလမ်းမကြီးရှိ စိမ်းမြဧရာပန်းခြံရှေ့၌ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပကြောင်း သိရသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မြစ်ကြီးနားမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူးဘရန်ရှောင်(ငြိမ်း) ဦးဆောင်သည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င် များနှင့် အရန်စစ်မှုထမ်းဟောင်းအဖွဲ့၀င်အင်အား ၄၀၀ခန့်က နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အ၀ထောက်ခံ သည်၊ တပ်မတော်အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင်ရှုတ်ချသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သောတပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာကို တို့လုံး၀လက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာကို အလိုမရှိဟူသော ဆိုင်းဘုတ်များကိုင်ဆောင်၍ တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကြသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ယခုအကြိမ်အပါအ၀င် ၁၃၈ကြိမ် စုစုပေါင်းအင်အား ၇၀၁၂၅၀ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက်၌ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကျင်းပ

MWVO


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဧရာ၀တီတိုင်းဒေသကြီး စစ်မှုထမ်း ဟောင်းအဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး နေ၀င်း(ငြိမ်း)၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် မဟာဗန္ဓုလလမ်း ဟစ်တိုင် ကွင်း၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှု များအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပကြောင်း သိရသည်။
အဆိုပါ တပ်မတော်ထောက်ခံပွဲတွင် ပုသိမ်၊သာပေါင်း၊ရေကြည်၊ ကန်ကြီးထောင့်၊ ကျုံပျော်၊ ငပုတော၊ ကျောင်းကုန်းမြို့နယ်တို့မှ စစ်မှုထမ်း ဟောင်းအဖွဲ့၀င်အင်အား ၄၀၀ခန့်နှင့် တပ်မတော်ကိုချစ်မြတ်နိုးသူ ဒေသခံ ၁၀၀ဦးခန့် စုစုပေါင်းအင်အား ၅၀၀ဦးခန့်က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အ၀ထောက်ခံသည်၊ တပ်မတော်အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင်ရှုတ်ချသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သောတပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ်အစီရင်ခံစာကို တို့လုံး၀လက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာကို အလိုမရှိဟူသော ဆိုင်းဘုတ်များကိုင်ဆောင်၍ တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ယခုအကြိမ်အပါအ၀င် ၁၃၇ကြိမ် စုစုပေါင်းအင်အား ၇၀၀၈၅၀ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ထောက်ခံပွဲကျင်းပ

MWVO

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် မြန်မာတပ်မတော်အား ချစ်ခင် မြတ်နိုးသူများအဖွဲ့က ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွက် ဒို့တာ၀န်အရေးသုံးပါးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအကျိုးကို ကာကွယ်စောင့်ရှောက်နေသော မြန်မာတပ်မ တော်၏ ရပ်တည်ချက်နှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာ၀ရ ခွဲမထွက်ဘဲတန်းတူ ညီမျှ ပေါင်းစည်းညီညွတ်စွာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးအပေါ် တပ်မ တော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲကျင်းပသည်။
အဆိုပါထောက်ခံပွဲသို့ သံဃာအပါး ၂၀၀နှင့်အတူ လားရှိုး၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ သိန်းနီ၊ ကွတ်ခိုင်၊ ဟိုပန်၊ ကွမ်းလုံ၊ တန့်ယန်း၊ မိုင်းရယ်မြို့ နယ်တို့မှ မြန်မာတပ်မတော်အား ချစ်ခင်မြတ်နိုးသူ တိုင်းရင်းသားပြည်သူ ၁၈၅၀၀ကျော်က နိုင်ငံတော်အလံများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံ၊ တပ်မတော် ကြည်း၊ ရေ၊ လေ အလံများ ကိုင်ဆောင်၍ ပြည်ထောင်စုကြီး ထာ၀ရမပြိုကွဲရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒို့တာ၀န်အရေးသုံးပါးအား တပ်မတော်အား အစဉ်၀န်းရံရေး၊ ပြည်ထောင်စုပြို ကြွအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊ တပ်မတော်ပြိုကွဲအောင်ကြံ ဆောင်သူမှန်သမျှဆန့်ကျင်ကြ စသည့် ကြွေးကြော်သံများနှင့်အတူ မြို့တော် ခန်းမရှေ့မှ ပြည်နယ်အားကစားကွင်းသို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ချီတက်ကြသည်။ ထို့နောက် အဆိုပါအားကစားရုံ၌ တပ်မတော်ရပ်တည်ချက် များအား ထောက်ခံသည့် အကြောင်းအရာ ဟောပြောပွဲကို ကျင်းပသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ယခုအကြိမ်အပါအ၀င် ၁၃၆ ကြိမ် စုစုပေါင်းအင်အား ၇၀၀၃၅၀ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို ဘီးလင်း သထို့မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့များ   တပ်မတော်ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများ ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်
ကျိုက်ထို နို၀င်ဘာ ၁၉ ပြည်ထောင်စုနေ့စဉ်


MWVO

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရားလမ်းသို့သွားသည့် လမ်းဆုံထောင့်မှ ခလရ(၉၆) လမ်းဘေးတစ်လျှောက်၌ မွန်ပြည်နယ်စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကျိုက်ထိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့၊ ဘီးလင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ သထုံမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့တို့မှ တပ်မတော်ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။
စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် မိသားစုများ၏ ရင်ထဲမှာ တပ်မတော် အပေါ်ထားရှိသော ဆန္ဒအမှန်ကို ဖော်ပြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး မိမိအစိုးရနှင့် လွတ်လပ်စွာ အုပ်ချုပ်နေ သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတော်တိုးတက်ရာ တိုးတက်ကြောင်း၊ နိုင်ငံရေးကိစ္စ အ၀၀ကို မိမိအစိုးရနှင့်ပြည်သူလူထုကသာ ဆောင်ရွက်ရမှာဖြစ်ပြီး မည်သည့် နိုင်ငံ ပြင်ပအင်အား ပြင်ပအဖွဲ့အစည်းများမှ လူမှုရေး၊ နိုင်ငံရေး၊ ပြည်တွင်း ရေး၀င်ရောက်စွက်ခြင်းကို လုံး၀လက်မခံသည့်အတွက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့မှ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် အရန်အဖွဲ့၀င်များ စုစု ပေါင်းအင်အား ၂၀၀ တို့က နိုင်ငံတော်အလံ၊စစ်မှုထမ်းဟောင်းအလံများ နှင့်အတူ တပ်မတော်ကို အပြည့်အ၀ထောက်ခံသည်။ တပ်မတော် အင်အားချိုး နှိမ်မှုမှန်သမျှ တို့လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင်ရှုတ်ချသည်။ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာ ဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာ ဒို့လုံး၀လက်မခံ၊ ပြည်သူချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ။ တပ်မ တော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်။ APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ နာရီ၀က်ကြာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ



MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် မောမြေဦးပန်းခြံနှင့် နာရီစင် အနီး၌ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များက ကြီးမှူး၍ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှု များအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပသည်။
အဆိုပါထောက်ခံပွဲတွင် ကလောမြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဌ ဗိုလ်ကြီး သန်းအေး(အငြိမ်းစား)က ‘တပ်မတော်ဟာ ဒို့တာ၀န်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်နေတာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ဟာမရှိမဖြစ် လိုအပ် တယ်။ ဒါကြောင့် တပ်မတော်ကို ထောက်ခံတဲ့အနေနဲ့အခုလိုထောက်ခံပွဲ ကျင်းပရ ခြင်းဖြစ်တယ်’ဟု ပြောသည်။
ထောက်ခံပွဲတွင် ကလောမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့၀င်အင်အား ၃၀၀ ဦးတို့က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အ၀ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင်ရှုတ် ချသည်။ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာ ဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ ဒို့လုံး၀လက်မခံ၊ ပြည်သူချစ်သော၊ ပြည်သူက ချစ်သော တပ်မတော်အောင်မြင်ပါစေ။ တပ်မ တော်စွမ်းမှ တိုင်းပြည်အေးချမ်း မည်။ APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ  တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ တပ်မတော်နှင့်အတူ ရပ်တည်စို့ ဟူသော ဆိုင်းဘုတ်များ ကိုင် ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ကြသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအ၀င် ၁၃၂ ကြိမ် စုစုပေါင်းအင်အား ၆၈၀၄၀၀ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကျင်းပ

 


MWVO

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ များကကြီးမှူး၍ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ စဝ်စံတထွန်းရပ်ကွက် ရှိ တောင်ကြီးမြို့နယ်စစ်မှုထမ်းဟောင်းရုံးရှေ့၌ တပ်မတော်ကို ထောက်ခံခြင်း နှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသည်။
“တပ်မတော်က နိုင်ငံတော်ကို ကာကွယ်နေတာ၊ နိုင်ငံဆိုတဲ့ အင်္ဂါရပ်(၄)ရပ်ရှိပါတယ်။ အင်္ဂါရပ်(၄)ရပ်နဲ့ညီမှ နိုင်ငံလို့ခေါ်ဆိုလို့ရတယ်။ ပိုင်နက်နယ်မြေ၊ အုပ်ချုပ်သူ အစိုးရ၊ အချုပ်အခြာအာဏာ၊ ပြည်သူဆိုပြီးတော့ အင်္ဂါရပ်(၄)ရပ်နဲ့ညီလို့ မြန်မာနိုင်ငံဆိုပြီး ကမ္ဘာက အသိအမှတ်ပြုထားတာပါ။ ဒါတွေကို တပ်မတော်က ကာကွယ်နေတာဖြစ်တယ်၊ ဒါကြောင့် တပ်မတော်ကို ထောက်ခံနေတာဖြစ်ပါတယ်၊ ပြည်သူတွေသိအောင် ပြောချင်တာက တပ်မတော်က စစ်သားတွေဆိုတာ စစ်သားကမွေးလို့စစ်သားဖြစ်လာတာ မဟုတ်ဘူး၊ ပြည်သူကမွေးလို့ ယုံကြည်ချက်၊ ခံယူချက်နဲ့ တပ်မတော်ထဲ၀င်လို့ စစ်သားဖြစ်လာတာပါ၊ အဲဒီ စစ်သားတွေကလည်း ကာလတစ်ခုပြီးဆုံးလို့ရှိရင် အငြိမ်းစားယူပြီးတော့ ပြည်သူထဲကို ပြန်ရောက်ရှိတာပဲဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ကြီး ၀င်းနိုင် (ငြိမ်း)က ပြောကြားသည်။
ယင်းထောက်ခံပွဲတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ တောင်ကြီး၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၀င် ၃၀၀ ဦးက နိုင်ငံတော် အလံ၊ စစ်မှုထမ်းဟောင်းအဖွဲ့အလံများနှင့်အတူ မြန်မာတပ်မတော်ကို အပြည့် အ၀ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင်ရှုတ် ချသည်။ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာ ဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာ ဒို့လုံး၀လက်မခံ၊ ပြည်သူချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ။ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်။ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ  တိုင်းပြည် တည်ငြိမ်းအေးချမ်းဖို့ တပ်မတော်နှင့်အတူ ရပ်တည်စို့ ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော် ထုတ်ကြသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအ၀င် ၁၂၁ ကြိမ် စုစုပေါင်း အင်အား ၆၅၄၅၅၀ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ



MWVO

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နာရီစင်ကွင်း၌ ယနေ့နံနက် ၈ နာရီတွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာ၀န်အရေးသုံးပါးကို ကာကွယ်ရန်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ARSA အကြမ်းဖက်မှုများကို ရှုတ်ချကန့်ကွက်ရန်၊ မောင်တောဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာမှ ၀င်ရောက်စွက်ဖက်မှုများကို ကန့်ကွက်ရန်နှင့် နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးအတွက် တာ၀န်ယူဆောင်ရွက်သော မြန် မာ့တပ်မတော်အား အပြည့်အ၀ ထောက်ခံကြောင်းစသော ရည်ရွယ်ချက်များ ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌက ပြောသည်။
ထို့နောက် တပ်မတော်ထောက်ခံပွဲတွင် ကျောက်ဖြူမြို့နယ် စစ်မှုထမ်း ဟောင်းအဖွဲ့၀င်များနှင့် အရန်အဖွဲ့၀င် ၁၀၀ ဦးတို့ကနိုင်ငံတော် အလံ၊ စစ်မှု ထမ်းဟောင်းအဖွဲ့အလံများနှင့်အတူ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဓာတ်ပုံ၊ မြန်မာတပ်မတော်ကို အပြည့် အ၀ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင်ရှုတ် ချသည်။ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာ ဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာ ဒို့လုံး၀လက်မခံ၊ ပြည်သူချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင် မြင်ပါစေ။ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်။ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရဟူသည့် ဗွီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ကြသည်။
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအ၀င် ၁၂၀ ကြိမ် စုစုပေါင်း အင်အား ၆၅၄၂၅၀ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ



MWVO

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့က ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် မြို့နယ်စစ်မှု ထမ်းဟောင်းရုံးရှေ့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ် ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပကြောင်း သိရ သည်။
အဆိုပါတပ်မတော်ထောက်ခံပွဲတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ ဗိုလ်ကြီး ကျော်ရွှေ(ငြိမ်း)ဦးဆောင်၍ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် မိသားစု၀င်များ စုစုပေါင်းအင်အား ၂၀၀ ဦးက  နိုင်ငံတော်အလံ၊ စစ်မှုထမ်း ဟောင်းအဖွဲ့အလံများနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အ၀ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံး၀လက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင် ရှုတ်ချသည်။ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာ ဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာ ဒို့လုံး၀လက်မခံ၊ ပြည်သူချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ။ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်။ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ  ဟူသည့် ဗွီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော် ထုတ်ကြသည်။
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအ၀င် ၁၁၉ ကြိမ် စုစုပေါင်း အင်အား ၆၅၄၁၅၀ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်၀န်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈)

MWVO

နေပြည်တော် အောက်တိုဘာ ၃၁
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ(၂၀၁၈) ဒုတိယနေ့အစည်းအဝေးကို နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအစည်းအဝေးသို့ မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်း၊ ပြည်ထောင်စု၀န်ကြီးများ ဖြစ်ကြသည့် ဒုတိယဗျိုလ်ချုပ်ကြီး စိန်၀င်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ တပ်မတော် မှ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်၀င်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး(ငြိမ်း)  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှု ဆောင်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်မြ၀င်း(အငြိမ်းစား)နှင့် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ အထူး ညီလာခံ(၂၀၁၈)သို့ တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌများနှင့် ညီလာခံကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားတက်ရောက်လာကြ သည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များနှင့်အတူမှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈)နှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

MWVO

နေပြည်တော် အောက်တိုဘာ ၃၀
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ(၂၀၁၈)နှင့် ဆက်စပ်အစည်းအဝေးများ ကိုအောက်တိုဘာ ၂၉ရက်နှင့် ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ ပြုလုပ်သည်။အောက်တိုဘာ ၂၉ရက် နံနက်ပိုင်းတွင် ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၁၆-၂၀၁၈ ကာလအတွက် ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာကိုတင်သွင်းအတည်ပြုခြင်းအား စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ ပြုလုပ်သည်။အောက်တိုဘာ၂၉ရက် နံနက်ပိုင်းတွင် ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၁၆-၂၀၁၈ ကာလအတွက် ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာကိုတင်သွင်းအတည်ပြုခြင်း၊ လစ်လပ်သွားသော ဗဟိုအမှုဆောင်တာ၀န်နေရာများကို တင်ပြမှတ်တမ်းတင်ခြင်း၊ ထပ်တိုးရွေးချယ်မည့် ဗဟိုကောင်စီ၀င် ၄၉ဦးနှင့် ဗဟိုအမှုဆောင်အဖွဲ့၀င်ရှစ်ဦး လျာထားချက်ကိုတင်ပြအတည်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးသို့ ဗဟိုကောင်စီ၀င် ၂၆ဦး တက်ရောက်ခဲ့ကြသည်။
ယနေ့တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈)ပထမနေ့ အစီ အစဉ်ကို နံနက်၈နာရီတွင် စတင်ပြုလုပ်ပြီးညီလာခံပထမနေ့(ပထမပိုင်း)အစီ အစဉ်တွင် ဗဟိုကောင်စီ၏ အစီရင်ခံစာကိုတင်သွင်းခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့၏ စာတမ်းကိုဖတ်ကြားတင်သွင်းခြင်း၊ လစ်လပ်သွား သောဗဟိုအမှုဆောင်အဖွဲ့နေရာများတင်ပြခြင်း၊ တပ်တိုးရွေးကောက် တင်မြှောက်ရန် လျာထားပြီး ဗဟိုကောင်စီ၀င်လောင်း  အမည်စာရင်းကြေညာခြင်း၊ ရွေးကောက်တင် မြှောက်ရာတွင် ထားရှိရမည့် သဘောထားများနှင့် မဲပေးပုံစနစ် ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ကြသည်။ ထို့နောက်  လျှို့ဝှက်မဲဆန္ဒပေး၍ ဗဟိုကောင်စီ၀င် ၄၉ ဦးကိုရွေးချယ်ခဲ့ ကြပြီးရွေးကောက်တင်မြှောက်ခံ ဗဟိုကောင်စီ၀င် ၄၉ ဦးကိုကတိသစ္စာပြုကာအစည်း အဝေးပထမပိုင်းအစီအစဉ်ကိုရပ်နားခဲ့သည်။
အထူးညီလာခံ(၂၀၁၈)အစည်းအဝေးရပ်နားနေစဉ် အချိန်အတွင်းဗဟိုကောင်စီပထမအ ကြိမ်အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ထပ်တိုးရွေးကောက်တင်မြှောက် ခဲ့သော ဗဟိုကောင်စီ၀င်များအပါအ၀င် ဗဟိုကောင်စီ၀င် ၆၆ဦး၊ ကာကွယ်ရေး၀န်ကြီး ဌာနမှ တာ၀န်ပေးအပ်သော အရာရှိငါးဦး၊ စုစုပေါင်းဗဟိုကော်မတီ၀င် ၇၁ဦး တို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် လစ်လပ်လျက်ရှိသောဗဟိုအမှုဆောင် အဖွဲ့၀င် ရှစ်ဦးကိုဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ကြသည်။
ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့အစည်းအဝေးပြုလုပ်ရာအစည်းအဝေးတွင် လစ်လပ် နေသောဥက္ကဌနှင့် စစ်ဆေးရေးမှူးနေရာများအတွက် ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)နှင့် ဗိုလ်မှူးချုပ် ကိုကို၀င်း(အငြိမ်းစား)တို့ကိုမဲပေးရွေးချယ်ခဲ့ ကြသည်။
အထူးညီလာခံ(၂၀၁၈)ပထမနေ့(ဒုတိယပိုင်း)အစီအစဉ်ကိုပြန်လည်ပြုလုပ်ခဲ့ရာအစည်းအဝေးတွင် ဗဟိုရွေးကောက်ပွဲကြီးကြပ်ရေးကော်မတီကရွေးကောက်တင်မြှောက်ခြင်း ခံရသော ဗဟိုအမှုဆောင်အဖွဲ့၀င် ရှစ်ဦးအပါအဝင် ဗဟိုအမှုဆောင်အဖွဲ့၀င် ၃၄ဦးစာရင်းကို တာ၀န်နေရာများနှင့်တကွ ဖတ်ကြားတင်ပြပြီးအထူးညီလာခံပထမနေ့အစီအစဉ် ရပ်နား ခဲ့သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈)သို့ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၁ဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ဖွဲ့တို့မှ ကိုယ်စားလှယ်၃၇၈ဦး တက်ရောက်ခဲ့ကြသည်။ အထူးညီလာခံ(၂၀၁၈)ဒုတိယနေ့ အစီအစဉ်ကိုအောက်တိုဘာ ၃၁ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ တောင်ဥက္ကလာပမြို့နယ်၌ ပြုလုပ်
ကောင်းကောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ မြဝတီ


MWVO

 မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းရှိ မေတ္တာတြိဂံပန်းခြံရှေ့၌ ပြုလုပ်သည်။
 '' ဒီနေ့ပြုလုပ်တဲ့ပွဲက တောင်ဥက္ကလာပမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနဲ့ အရန်အဖွဲ့၀င် ၂၅၀ဦးက ငြိမ်းစုစီ ဥပဒေနဲ့အညီ တပ်မတော်ကိုထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက်လုပ်ဆောင်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်တဲ့ပွဲ ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့၀င်တွေနဲ့ အရန်အဖွဲ့၀င်တွေက တပ်မတော်ကနေ ဆင်းသက်လာတဲ့အတွက် တပ်မတော်ရဲ့ အရန်အင်အားဖြစ်ပါတယ်။ ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေက မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်၊ ညွှန်ကြားချက်မှ မပါဘဲ မိမိတို့ရဲ့တူညီတဲ့စိတ်ဆန္ဒနဲ့ ဒီနေရာမှာစုဝေးပြီး တပ်မတော်ကို အပြည့်အဝထောက်ခံကြောင်း ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့တပ်မတော်အပေါ်ကို နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်နေတဲ့ အဖွဲ့အစည်းတွေကို ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲဖြစ်ပါတယ်။ ''  ဟု တောင်ဥက္ကလာပမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီး မြင့်ဦး(ငြိမ်း)က ပြောသည်။
 အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် တောင်ဥက္ကလာပမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် အရန်အဖွဲ့၀င် ၂၅၀ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်းအလံများနှင့်အတူ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ ဘက်လိုက်သောကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ်အစီရင်ခံစာကို လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကိုလုံးဝဆန့်ကျင်ရှုတ်ချသည်။ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်ခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်။ APHR ၏ အောက်လုံးအစီရင်ခံစာအလိုမရှိ၊ အလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။    
 တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ် အထိ ယခုအကြိမ်အပါအဝင် ၄၆ ကြိမ် စုစုပေါင်းအင်အား ၅၉၀၀၈၅ ဦးဖြင့်ကျင်းပခဲ့ပြီးနိုင်ငံတစ်ဝန်းတပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့ (တောင်ဥက္ကလာပ) တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်မှုများဆန့်ကျင်ဆန္ဒ ထုတ်ဖော်
စစ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်၊ ပြည်ထောင်စုနေ့စဉ်


MWVO

 ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့်ရှိ မေတ္တာတြိဂံ ကလေးကစားကွင်းတွင် တောင်ဥက္ကလာပမြို့နယ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီး မြင့်ဦး (ငြိမ်း)ဦးဆောင်သော  စစ်မှုထမ်းဟောင်း များနှင့် ၀န်းရံအဖွဲ့အင်အား ၂၅၀ တို့သည် ငြိမ်းချမ်းစွာဖြင့် တပ်မတော်ထောက်ခံသော ဗီနိုင်းပိုစတာများကိုင်ဆောင်၍ ယနေ့နံနက် ၁၀နာရီတွင် ဆန္ဒထုတ်ဖော်သည်။
 ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သော  ဗိုလ်ကြီး မြင့်ဦး(ငြိမ်း)က ''တပ်မတော်ကိုထောက်ခံပြီး ပြည်ပစွက်ဖက် လုပ်ဆောင်မှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ ငြိမ်းစုစီ ဥပဒေအတွင်းမှ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများသည် တပ်မတော်၏ အရန်အင်အားဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသော စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် အရန် အဖွဲ့၀င်များသည် မည်သူတစ်စုံတစ်ဦး၏ တိုက်တွန်းချက်၊ ညွှန်ကြားချက်မပါရှိဘဲ မိမိတို့တူညီသောဆန္ဒဖြင့် ဒီနေရာမှာစုဝေးပြီး တပ်မတော်ကို အပြည့်အဝထောက်ခံကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံပေါ်သို့ နည်းမျိုးစုံဖြင့် ပြည်ပစွက်ဖက်မှုများကို အလေးအနက်ကန့်ကွက်ကြောင်း'' ပြောကြားသည်။
 ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲတွင် ''မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော facebook ကို လုံးဝဆန့်ကျင်ရှုပ်ချသည်၊'' ''မြန်မာ့ တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊'' ''ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို လုံးဝလက်မခံ၊'' ''တပ်မတော်အင်အားချည့်နဲ့မှု မှန်သမျှလုံး၀လက်မခံ၊'' ''APHR ၏ အောက်လုံး အစီရင်ခံစာအလိုမရှိ'' ''ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊'' ''တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်'' ဟု ရေးသားထားသော ဗီနိုင်းပိုစတာများကိုင်ဆောင်၍ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ သန်လျင်မြို့နယ်၌ ပြုလုပ်
ကောင်းကောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ မြဝတီ



MWVO

 မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ် ဗိုလ်ချုပ် နေဝင်းလမ်းရှိ မြို့နယ်တင်းနစ်အားကစားကွင်းရှေ့၌ ပြုလုပ်သည်။
 ဒီနေ့လုပ်တဲ့ပွဲက မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံတယ်။ ဘာလို့ထောက်ခံလဲဆိုတော့ ကျွန်တော်တို့ စစ်မှုထမ်းဟောင်းတွေက တပ်မတော်ရဲ့ အရန်အင်အားဖြစ်တဲ့အတွက် တပ်မတော်ကို ပြိုကွဲအောင်နဲ့ အင်အားချည့်နဲ့အောင်လုပ်တဲ့ ဘယ်အဖွဲ့အစည်းကိုမှ လက်မခံကြောင်း ပြသတာဖြစ်သလို အမျိုးသားအင်အားစုတစ်ရပ်အနေနဲ့လည်း ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်။ ဒီတပ်မတော်ထောက်ခံပွဲကို စစ်မှုထမ်းဟောင်းအင်အား ၂၀၀ဦး၊ အရန်အင်အား ၅၀ဦး စုစုပေါင်း ၂၅၀ဦးနဲ့ ငြိမ်းချမ်းစွာ ထောက်ခံဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်။ '' ဟု သန်လျင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူး ကျော်မိုးကြည်(ငြိမ်း)က ပြောသည်။
 အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် သန်လျင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် အရန်အဖွဲ့၀င် ၂၅၀ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်းအလံများနှင့်အတူ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ ဘက်လိုက်သောကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ်အစီရင်ခံစာ ကို လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကိုလုံးဝဆန့်ကျင်ရှုတ်ချသည်။ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်ခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်။ APHR ၏ အောက်လုံးအစီရင်ခံစာအလိုမရှိ၊ အလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့သည်။    
 တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ် အထိ ယခုအကြိမ်အပါအဝင် ၄၄ ကြိမ် စုစုပေါင်းအင်အား ၅၈၉၆၈၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များက မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ် ပွဲပြုလုပ်
မေနဒီမြနွယ် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက် ၊ ပြည်ထောင်စုနေ့စဉ်


MWVO

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၀င်များက မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခြင်းနှင့် အမျိုးသားရေး အင်အားစုအဖြစ် ရပ်တည်ကြောင်းပြသပွဲကို သန်လျင်မြို့နယ် ဗိုလ်ချုပ် နေဝင်း လမ်းမကြီးပေါ် မြို့နယ်စည်ပင်သာယာရုံးရှေ့၌ ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
 ထိုကဲ့သို့ ဆန္ဒဖော်ထုတ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူး ကျော်မိုးကြည်(ငြိမ်း)က ''အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့စစ်မှုထမ်းဟောင်း အဖွဲ့ ဆိုတာ တပ်မတော်ကနေ မွေးဖွားပေးလိုက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံတယ်။ တပ်မတော်ပြိုကွဲသွားအောင် အဘက်ဘက်က နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြရမှာ သတင်းနည်းပညာနည်းလမ်းတွေအပါအဝင် တပ်မတော်ကို ပြည်သူကနေ ရွံ့မုန်းသွားစေဖို့အတွက် တပ်မတော်လုပ်ဆောင်နေတာတွေသည် လူ့အခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်နေတယ်ဆိုတဲ့ လုပ်ကြံမမှန်ကန်တဲ့သတင်းတွေကိုလွှင့်ပြီး တပ်မတော်နဲ့ ပြည်သူအကြားသွေးကွဲစေရန် မှိုင်းတိုက် တယ်။ နည်းမျိုးစုံနဲ့ တပ်မတော်ကို ပြိုကွဲအင်အားချည့်နဲ့သွားအောင် ကြိုးစားနေကြတာတွေကို ကျွန်တော်တို့အနေနဲ့ လုံး၀ ဆန့်ကျင်ပါတယ်။ နောက်ပြီးတော့ဘက်လိုက်တဲ့ ကုလသမ္မဂရဲ့ တစ်ဖက်သတ်အစီရင်ခံစာနဲ့ အာဆီယံပါလီမန်အဖွဲ့ရဲ့ အောက်လုံးအစီရင်ခံစာကိုလည်း ကျွန်တော်တို့အတွက် လက်မခံနိုင်ပါဘူး။ နောက်တစ်ချက်က Facebook ဆိုတာ social media ဖြစ်တယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်ဘူး။ ပြည်သူတွေမည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ကြပါတယ်။ သူ့ရဲ့စည်းကမ်းကို ဖောက်ဖျက်မည်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာက ဒီအုပ်စုတစ်ခုတည်းရဲ့ အကောင့်တွေကိုသာရွေးပြီး ဖြုတ်ချ block လုပ်နေတာမျိုးကြတော့ ဒါဟာ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာဖြစ်တဲ့အတွက် ဒါတွေအပါအဝင် အချက်ခုနှစ်ချက်ကို ကန့်ကွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်'' ဟု ပြောသည်။
 အဆိုပါတပ်မတော်ထောက်ခံပွဲသို့ သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းများနှင့် အဖွဲ့၀င်၊ အရန်မိသားစုအဖွဲ့ဝင် စုစုပေါင်း အင်အား ၂၅၀ခန့် မှ တက်ရောက်၍ ''မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည်။'' ''တပ်မတော် အင်အားချိုးနှိမ်မှု မှန်သမျှလုံးဝလက်မခံ၊'' ''မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကိုလုံးဝဆန့်ကျင်ရှုတ်ချသည်၊'' ''ဘက်လိုက်သောကုလသမ္မဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှတသော တစ်ဖက်သတ် အစီရင်ခံစာအား လုံးဝလက်မခံ၊'' ''ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊'' ''တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်'' ''APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ အလိုမရှိ'' ဟူသော စာသားပါ ဗီနိုင်းများကို ကိုင်ဆောင်လျက် အသံတိတ်ငြိမ်းသက်အေးချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲသို့ တပ်မတော်ကို ထောက်ခံသည့် သံဃာအချို့နဲ့ ပြည်သူအချို့မှ လာရောက်ကြည့်ရှုအားပေးမှုများ ရှိခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် မြန်မာ့တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများ ဆန့်ကျင်သော ဆန္ဒ ဖော်ထုတ်ပွဲကျင်းပ
စံ(ခင်ဦး) ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်၊ ပြည်ထောင်စုနေ့စဉ်




MWVO

 စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော မြန်မာ့တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သောဆန္ဒထုတ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ရွှေဘိုမြို့ အမှတ်(၂) ရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ကျင်းပရာ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းဦးရေ ၂၀၀ ခန့် တက်ရောက်ခဲကြောင်း သိရသည်။
 အဆိုပါဆန္ဒထုတ်ရာတွင် ''ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ''၊ ''တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်''၊ ''APHR ၏အောက်လုံးအစီရင်ခံစာအလိုမရှိ''၊ ''ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာ (လုံးဝ) လက်မခံ''၊''တပ်မတော် အင်အားချိုးနှိမ်မှုမှန်သမျှတို့(လုံးဝ)လက်မခံ''၊ ''မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook (လုံးဝ) ဆန့်ကျင်ရှုတ်ချသည်''၊ ''မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည်'' စသည့် ဆိုင်းဘုတ်များ၊ စစ်မှုထမ်းဟောင်းအလံနှင့် နိုင်ငံတော်အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ခဲ့ကြသည်။
 တပ်မတော်သားဟောင်းတွေဖြစ်တဲ့အတွက် တပ်မတော်အင်အားချိုးနှိမ်ချင်တာမျိုး၊ တပ်မတော် ပုံရိပ်ကျဆင်းသွားအောင် ရည်ရွယ်လုပ်ဆောင်တာတွေကိုတွေ့ရပါတယ်။ ဒါကိုလက်မခံပါဘူး။ ဒါကြောင့် တပ်မတော်သားဟောင်း ပြည်သူတစ်ဦးအနေနဲ့ ဆန္ဒ ထုတ်ဖော်တာပါ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး လုပ်ငန်းများတွင် တပ်မတော်အရန်အင်အားအဖြစ် တာ၀န်သိသိဖြင့် ပါ၀င်ဆောင်ရွက်ရန်ဆိုတဲ့ စစ်မှုထမ်းဟောင်းများ ရည်ရွယ်ချက်ပါအတိုင်း ကိုယ့်နိုင်ငံပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာဆိုရင် လက်မခံနိုင်ပါဘူး။ ဒါကြောင့် လက်မခံနိုင်လို့ ဆန္ဒထုတ်ဖော်တာပါ''ဟု ရွှေဘိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး ကျင်သောင်း(ငြိမ်း)က ပြောခဲ့ကြောင်းသိရသည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ လှိုင်မြို့နယ်၌ ပြုလုပ်
လင်းခန့်      ၂၀၁၈  ခုနှစ်၊ စက်တင်ဘာလ   ၂၆  ရက်၊ မြဝတီ


MWVO

 မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် စစ်မှုထမ်းဟောင်းရုံးရှေ့၌ ပြုလုပ်သည်။
 ဒီနေ့ပြုလုပ်တဲ့ပွဲက တောင်ဥက္ကလာပမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနဲ့ အရန်အဖွဲ့၀င် ၂၅၀ဦးက ငြိမ်းစုစီ ဥပဒေနဲ့အညီ တပ်မတော်ကိုထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက်လုပ်ဆောင်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်တဲ့ပွဲ ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့၀င်တွေနဲ့ အရန်အဖွဲ့၀င်တွေက တပ်မတော်ကနေ ဆင်းသက်လာတဲ့အတွက် တပ်မတော်ရဲ့ အရန်အင်အားဖြစ်ပါတယ်။ ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေက မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်၊ ညွှန်ကြားချက်မှ မပါဘဲ မိမိတို့ရဲ့တူညီတဲ့စိတ်ဆန္ဒနဲ့ ဒီနေရာမှာစုဝေးပြီး တပ်မတော်ကို အပြည့်အဝထောက်ခံကြောင်း ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့တပ်မတော်အပေါ်ကို နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်နေတဲ့ အဖွဲ့အစည်းတွေကို ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲဖြစ်ပါတယ်။ ''  ဟု လှိုင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးတင်မြင့်(ငြိမ်း)က ပြောသည်။
 အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သောကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သောတပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး နှစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် လှိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၀င် ၃၅၀ကျော်က ပါ၀င်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။    
 တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ် အထိ ယခုအကြိမ်အပါအဝင် ၄၂ ကြိမ် စုစုပေါင်းအင်အား ၅၈၉၂၃၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့တပ်မတော်ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခြင်းနှင့်အမျိုးသားရေးအင်အားစုအဖြစ် ရပ်တည် ကြောင်း ပြသပွဲပြုလုပ်
မေနဒီနွယ် ၂၀၁၈ ခုနှစ် စက်တင်ဘာလ၂၄ ရက်၊ ပြည်ထောင်စုနေ့စဉ်



MWVO

 ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့(စည်ပင်ပြင်ပ) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ရန်နိုင်ဦး(ငြိမ်း)၏ ကြီးကြပ်မှုဖြင့် မြန်မာ့တပ်မတော်ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခြင်းနှင့် အမျိုးသားရေးအင်အားစုအဖြစ်ရပ်တည်ကြောင်း ပြသပွဲကို ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူးလမ်းမကြီးဘေး အောင်ဆန်းခန်းမရှေ့၌ ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
ထိုကဲ့သို့ဆန္ဒထုတ်ဖော်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ (စည်ပင်ပြင်ပ)မှ ဦးစီးအရာရှိ ဗိုလ်ကြီး ကွန်းဇော်ဝင့်(ငြိမ်း)က ''အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘင်္ဂါလီ တွေနဲ့ ARSAအကြမ်းဖက်အဖွဲ့တွေဟာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို အရင်ဦးစွာ လာရောက်အကြမ်းဖက် သတ်ဖြတ် ခဲ့တာတွေကြောင့် မြန်မာ့တပ်မတော်ကနေဝင်ရောက်ပြီး တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်တဲ့ရန်ကနေ ကာကွယ်ထိန်းသိမ်း မှုတွေ ဆောင်ရွက်ခဲ့ရတယ်။  အဲဒီလိုဒို့တာ၀န် အရေးသုံးပါးကိုထိပါးလာမှုအတွက် တပ်မတော်ကနေ ကာကွယ်စောင့်ရှောက် ခဲ့ရခြင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပါအ၀င် OIC အုပ်စု၀င်များက မြန်မာ့တပ်မတော်ရဲ့ ပုံရိပ်ကို ကျဆင်းစေရန်နှင့် နိုင်ငံတော်ကို ပြိုကွဲစေဘို့အတွက် သံတမန်နည်း၊ ဆိုရှယ်မီဒီယာနည်းလမ်းတွေကို မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြီး အမျိုးသားရေးအင်အားစု အဖြစ် ရပ်တည်ကြောင်းကို အခုလိုပြသတဲ့ပွဲဖြစ်ပါတယ်'' ဟုပြောသည်။
 အဆိုပါတပ်မတော်ထောက်ခံပွဲသို့ လှည်းကူးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီး အေးမြင့် (ငြိမ်း)နှင့် အမှုဆောင် များ၊ လှည်းကူးမြို့နယ်အဖွဲ့၀င် အရန်အဖွဲ့၀င်စုစုပေါင်း အင်အား ၂၀၀ ကျော်ခန့်မှ တက်ရောက်၍ ''မြန်မာ့တပ်မတောက်ကို အပြည့်အဝထောက်ခံသည်။'' ''တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ လုံဝလက်မခံ၊'' ''မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကိုလုံးဝဆန့်ကျင်ရှုတ်ချသည်။'' ''ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှတသော တစ်ဖက်သတ် အစီရင်ခံ စာအားလုံးဝလက်မခံ၊'' ''ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ။'' ''တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်။'' ''APHR ၏ အောက်လုံး အစီရင်ခံစာအလိုမရှိ အလိုမရှိ'' ဟူသော စာသားပါဗီနိုင်းများကို ကိုင်ဆောင် လျက် အသံတိတ်ငြိမ်သက် အေးချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
 ယင်းဆန္ဒထုတ်ဖော်ပွဲကို ပြည်သူလူထုအင်အား ၃၅၀ ကျော်ခန့်မှ လာရောက်၍လည်း ကြည့်ရှုအားပေးမှုများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကြည့်မြင်တိုင်မြို့နယ်၌ ပြုလုပ်
နေကိုထိုက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ မြဝတီ


MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် မဟာသကျမုနိဘုရားရှေ့၌ ပြုလုပ်သည်။ ''ယနေ့လုပ်တဲ့ပွဲကတော့ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံမြို့နယ်က စစ်မှုထမ်းဟောင်းအဖွဲ့တွေ စုပေါင်းပြီး ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ စုစုပေါင်း ၂၅၀ဦး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်းရည်ရွယ်ချက် လေးချက်ထဲမှာ နံပါတ်(၂)ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ တပ်မတော်အရန်အင်အားအဖြစ်နဲ့ တာ၀န်သိသိပူးပေါင်းဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း လက်ရှိမှာ နိုင်ငံတကာပြည်ပမီဒီယာတွေက တပ်မတော်ကို ရှုတ်ချတယ်။ ပုတ်ချတယ်။ အဲဒီလိုပြောဆိုနေတာတွေကို တပ်မတော်ရဲ့ အရန်အင်အားဖြစ်တဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးတစ်ဖွဲ့လုံးက ဆန့်ကျင်ပါတယ်။ ကျန်တဲ့မြို့နယ်တွေမှာလည်း ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်နေပါတယ်'' ဟု ကြည့်မြင်တိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီး စိန်သန်း(ငြိမ်း)ကပြောသည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့မှ စစ်မှုထမ်းဟောင်းအဖွဲ့၀င် ၂၅၀ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်းအလံများနှင့်အတူ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သောတပ်မတော် အောင်မြင် ပါစေ။ ဘက်လိုက်သောကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ်အစီရင်ခံစာတို့ လုံးဝလက်မခံ။ မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်။ APHR ၏ အောက်လုံးအစီရင်ခံစာအလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည် စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ပြီး တစ်နာရီခန့်တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ် ခဲ့သည်။ တပ်မတော်ထောက်ခံပွဲများပြုလုပ်မှုအနေဖြင့် ၂၀၁၆ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၇ခုနှစ်တွင် ၁၅ကြိမ်၊ ၂၀၁၈ခုနှစ်တွင် ယနေ့အပါအဝင် ၂၂ကြိမ် စုစုပေါင်း အကြိမ် ၄၀ ပြုလုပ်ကျင်းပခဲ့ပြီး အင်အား ၅၈၈၆၈၅ ဦးဖြစ်ကာ ဆက်လက်၍လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်အား ပြင်ပမှ စွက်ဖက်လုပ်ဆောင်နေမှုများကို မန္တလေးမြို့တွင် ဆန့်ကျင်ဆန္ဒပြ
မန္တလေး စက်တင်ဘာ ၁၃ မြန်မာ့အလင်း


MWVO

 မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မနောရမ္မံ လူထုဟစ်တိုင်ကွင်း၌ ယနေ့နံနက်ပိုင်းက တပ်မတော်အား ပြင်ပမှ စွက်ဖက်လုပ်ဆောင်နေမှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
 ဆန္ဒပြပွဲတွင် ချမ်းအေးသာစံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ အငြိမ်းစားများနှင့် အရန်အဖွဲ့၀င်များ ပါ၀င်ခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ တပ်မတော်အပေါ် ကျရောက်နေသည့် နိုင်ငံတကာဖိအားများကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်းသိရသည်။
 ဆန္ဒပြပွဲတွင် မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံး၀ဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ တစ်ဖက်သက် အစီရင်ခံစာတို့ လုံး၀လက်မခံ စသည်ဖြင့် ရေးသားထားသော ဗွီနိုင်းများ ကိုကိုင်ဆောင်ကာ ဆန္ဒပြသခဲ့ကြကြောင်း သိရှိရသည်
။

မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၀င်များတွေ့ဆုံ ၇၅-နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား ထောက်ပံ့ကြေးပေးအပ်

MWVO

ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ တွေ့ဆုံပွဲနှင့် အသက်(၇၅) နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက စစ်မှုထမ်းဟောင်းရုံး၌ ကျင်းပသည်။ တွေ့ဆုံပွဲတွင် သန်လျင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူးကျော်မိုးကြည်(ငြိမ်း) က မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့၀င်များ တွေ့ဆုံပွဲကျင်းပခြင်းနှင့် အသက်(၇၅) နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား ထောက်ပံ့ ကြေး ပေးအပ်ခြင်းအား ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အသက်(၇၅)နှစ်ပြည့် စစ်မှုထမ်းဟောင်း ၁၇ ဦး တို့အား မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူး ကျော်မိုးကြည်(ငြိမ်း)နှင့် တာ၀န်ရှိသူများက ထောက်ပံ့ကြေးများ ပေးအပ်ကာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌ(၂)နှင့် မွန်ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့တို့ တွေ့ဆုံပွဲပြုလုပ်

MWVO

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုဌာနချုပ်မှ ဒုတိယဥက္ကဌ(၂) ဗိုလ်မှူးချုပ် ကျော်ဦးလွင်(ငြိမ်း)သည် မွန်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ  ဒုတိယဗိုလ်မှူးကြီး  အောင်မိုး(ငြိမ်း)နှင့် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များလိုက်ပါလျက်   မော်လမြိုင်မြို့   ရွှေတောင်ရပ်ကွက်ရှိ အိမ်တွင်းသက်မွေးသင်တန်းကျောင်း   အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက  စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုဌာနချုပ်မှ   ဒုတိယဥက္ကဋ္ဌ(၂)  ဗိုလ်မှူးချုပ် ကျော်ဦးလွင်(ငြိမ်း)က   စစ်မှုထမ်းဟောင်းအဖွဲ့ ပေါ်ပေါက်လာပုံ၊ အဖွဲ့၏ရည်ရွယ်ချက်များ၊   ရှေ့လုပ်ငန်းစဉ်ခုနှစ်ရပ်၊   ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်   လိုအပ်ပုံများ၊   အဖွဲ့၀င်အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့်  ရိုင်းပင်းကူညီလျက်  အမျိုးသားနိုင်ငံရေးတာ၀န်များထမ်းဆောင်ရန်လိုအပ်ကြောင်း   ပြောကြားသည်။   ယင်းနောက် အမှတ်တရ လက်ဆောင်များနှင့်      ထောက်ပံ့ကြေးများကိုပေးအပ်ခဲ့ပြီး     တက်ရောက်လာသည့်     စစ်မှုထမ်းဟောင်းအဖွဲ့များအား     ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။     အဆိုပါ အခမ်းအနားသို့ မော်လမြိုင်၊  ချောင်းဆုံ၊  ကျိုက်မရော၊  ပေါင်၊ မုဒုံမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့၀င် ၁၅၀ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

© 2023 - MWVO

Thukhuma Road, Datkhina Thiri Tsp, Naypyitaw Division.
(067) 30485, 30790, 30795
(067) 30797