သမိုင်းအကျဉ်း

၁။    မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း တပ်မတော်ကို မြန်မာ့လွတ်လပ်ရေးတပ်မတော်(B.I.A-Burma Independence Army)၊ မြန်မာ့ကာကွယ်ရေးတပ်မတော်(B.D.A-Burma Defence Army)၊ မြန်မာ့မျိုးချစ်တပ်မတော်(B.P.F-Burma Patriotic Force) အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ လွတ်လပ်ရေးအကြိုကာလတွင် မြန်မာ့တပ်မတော် (Burma Army, Burma Navy, Burma Air Force) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ပြန်လည်ဖွဲ့စည်းရာတွင် လူအင်အားကန့်သတ်ချက်၊ တစ်ဦးချင်း၏ ဆန္ဒသဘောထားများကြောင့် ယခင်တပ်မတော်သားဟောင်းအချို့သည် စစ်မှုထမ်းဟောင်းများအဖြစ် မြန်မာနိုင်ငံအနှံ့အပြားတွင်နေထိုင်ခဲ့ကြပါသည်။ ယင်းစစ်မှုထမ်းဟောင်းများသည် ဒေသန္တရအရလည်းကောင်း၊ ဆက်နွယ်မှုများအရလည်းကောင်း၊ အစုအဖွဲ့များစုဖွဲ့ကြလျက် အချင်းချင်းအပြန်အလှန် အကူအညီပေးခြင်း၊ နိုင်ငံရေးကိစ္စများတွင် ဆွေးနွေးအကြံပြုခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။
၂။    ဒေသန္တရအလိုက် ဖွဲ့စည်းထားသော စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ဆက်နွယ်မှုအရ ဖွဲ့စည်းထားသော စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့များအဖြစ် အကွဲကွဲအပြားပြား ဖြစ်နေမှုကို တစ်စုတစ်စည်းတည်းသော အင်အားစုဖြစ်လာပြီး အချင်းချင်းကူညီမှုနှင့် နိုင်ငံတော်ကာကွယ်ရေးတွင် ၀န်းရံပါ၀င်လာနိုင်စေရန် ရည်ရွယ်ပြီး ၁၉၇၃ ခုနှစ်တွင် စနစ်တကျဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၇၅ ခုနှစ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ ပထမအကြိမ် ဗဟိုဦးစီးအစည်းအဝေးတွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် စစ်မှုထမ်းဟောင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အတည်ပြုခဲ့ပါသည်။ ယင်းစစ်မှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ၁၉၈၆ ခုနှစ် တွင် ကျင်းပပြုလုပ်သော ပထမအကြိမ်စစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံက အတည်ပြုပြဌာန်းခဲ့ပါသည်။ နိုင်ငံတော်၏ ပြောင်းလဲလာသောအခြေအနေများနှင့် ဆီလျော်မှုရှိစေရန် ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေ၊ ၁၉၈၉ ကို အာဏာရအစိုးရဖြစ်သော နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ပြဌာန်းပေးခဲ့ပါသည်။
၃။    ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကို နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ဗဟိုစည်းရုံးရေးကော်မတီ၊ ဗဟိုဌာနချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့(၂၁)ဖွဲ့၊ စည်းရုံးရေးအဖွဲ့ (၁၅)ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ (၃၀၄)ဖွဲ့တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နာယကအဖြစ် တာ၀န်ယူခဲ့ပါသည်။
၄။    မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကို အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် စစ်မှုထမ်းဟောင်းညီလာခံများကို အောက်ပါအတိုင်း ပြုလုပ်ခဲ့ပါသည် -
(က)  ပထမအကြိမ်စစ်မှုထမ်းဟောင်းညီလာခံ (၃၀-၇-၁၉၈၆ မှ ၃၁-၇-၁၉၈၆ ရက်နေ့ အထိ၊ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ ဆရာစံခန်းမ)
(ခ)  ဒုတိယအကြိမ်စစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံ (၉-၄-၁၉၉၀ မှ ၁၁-၄-၁၉၉၀ ရက်နေ့အထိ အထိ၊ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ ဆရာစံခန်းမ)
(ဂ)  တတိယအကြိမ်မြန်မာနိုင်ငံစစ်မှုထမ်း   ဟောင်းအဖွဲ့ ညီလာခံ (၁-၆-၂၀၀၁ မှ ၅-၆-၂၀၀၁ အထိ ရန်ကုန်မြို့၊ တပ်မတော်အရိုးရောဂါကုဆေးရုံ၊ ခုတင်-၅၀၀)
(ဃ)  စတုတ္ထအကြိမ်မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံ (၂၆-၆-၂၀၀၅ မှ ၃၀-၆-၂၀၀၅ အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာ)
(င)  ပဉ္စမအကြိမ်မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၇-၁၀-၂၀၀၉ မှ ၉-၁၀-၂၀၀၉အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ညီလာခံခန်းမ)
(စ)  ဆဌမအကြိမ်မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၁၁-၇-၂၀၁၁ မှ ၁၃-၇-၂၀၁၁အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ညီလာခံခန်းမ)
(ဆ)  သတ္တမအကြိမ်မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၁၂-၁၀-၂၀၁၆ မှ       ၁၄-၁၀-၂၀၁၆ အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ညီလာခံခန်းမ)
(ဇ) မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၉-၁၀-၂၀၁၈ မှ ၁၂-၁၀-၂၀၁၈ အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ညီလာခံခန်းမ)
(ဈ) အဠမအကြိမ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၄-၁၁-၂၀၂၁ မှ ၂၆-၁၁-၂၀၂၁အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ညီလာခံခန်းမ)
၅။    ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံက အောက်ပါအတိုင်းဖွဲ့စည်းခြင်း၊ ရွေးချယ်တင်မြောက်ခြင်းတို့ ပြုလုပ်ခဲ့ပါသည် -

(က)    ဗဟိုနာယကအဖွဲ့
(၁)    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၂)    ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၃)    ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)
(၄)    ကာကွယ်ရေးဦးစီးချုပ်(ရေ)
(၅)    ကာကွယ်ရေးဦးစီးချုပ်(လေ)
(၆)    စစ်ရေးချုပ်
(၇)    စစ်ထောက်ချုပ်
(၈)    ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး(အငြိမ်းစား)
(၉)    ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(အငြိမ်းစား)
(၁၀)  ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း(အငြိမ်းစား)
(၁၁)  ဒုတိယဗိုလ်ချုပ်ကြီး တင်အေး(အငြိမ်းစား)

(ခ)    ဗဟိုအမှုဆောင်အဖွဲ့
(၁)    ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား) ဥက္ကဌ
(၂)    ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(အငြိမ်းစား)    ဒုတိယဥက္ကဌ(၁)
(၃)    ဗိုလ်ချုပ် ငွေသိန်း(အငြိမ်းစား)    ဒုတိယဥက္ကဌ(၂)
(၄)    ဗိုလ်ချုပ် စန်းမြင့်(အငြိမ်းစား)    အတွင်းရေးမှူး
(၅)    ဗိုလ်မှူးချုပ် မြင့်ဟိန်း(အငြိမ်းစား)    တွဲဖက်အတွင်းရေးမှူး(၁)
(၆)    ဗိုလ်မှူးချုပ်ကျော်ဇံမြင့်(အငြိမ်းစား)   တွဲဖက်အတွင်းရေးမှူး(၂)
(၇)    ဗိုလ်မှူးချုပ် ရဲနိုင်မျိုး(အငြိမ်းစား)    ဘဏ္ဍာရေးမှူး
(၈)    ဗိုလ်မှူးချုပ် ကိုကို၀င်း(အငြိမ်းစား)   စစ်ဆေးရေးမှူး
၆။    မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အား ဗဟိုအမှုဆောင်အဖွဲ့၊ ဗဟိုဌာနချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့(၂၁)ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့(၃၀၈)မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားရှိပြီး နိုင်ငံအဝှမ်းစစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိ ပါသည်။
၇။    မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ ရည်ရွယ်ချက်များ -
(က)    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေးတန်းတူပြိုင်တူ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ရန်။
(ခ)    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် တာ၀န်သိသိဖြင့် ပါ၀င်ဆောင်ရွက်ရန်။
(ဂ)    စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ စည်းလုံးညီညွတ်စွာဖြင့် အချင်းချင်းအပြန်အလှန် အကူအညီပေးရန်။
(ဃ)    နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင် စုစည်းညီညွတ်စွာဖြင့် ပါ၀င်ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။
၈။    ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ အခြေခံလုပ်ငန်းစဉ်များကို အောက်ပါအတိုင်းချမှတ်ထားပါသည် -
(က)    ပုဒ်မ ၃ ပုဒ်မခွဲ(က)ပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက် ရန်။
(ခ)    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ၊ နိုင်ငံတော်အကျိုးပြုလုပ်ငန်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဂ)    စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၏ သက်သာချောင်ချိရေးနှင့် လူမှုရေးကိစ္စရပ်များ တွင် ကူညီဆောင်ရွက်ပေးရန်။
(ဃ)    စစ်မှုထမ်းဟောင်းအဖွဲ့၀င်အချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊ ကူညီရိုင်းပင်း ရေးနှင့် စည်းလုံညီညွတ်ရေးကို ရှေးရှုဆောင်ရွက်ရန်။
(င)    စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်။
(စ)    စစ်မှုထမ်းဟောင်းများ၏ ကောင်းသောအစဉ်အလာများကို ထိန်းသိမ်း၍နောင်လာနောက်သားများအား နမူနာကောင်းပြသနိုင်ရေးနှင့် ပြန့်ပွားရေးကို ရှေးရှုဆောင်ရွက်ရန်။
(ဆ)    စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၏ အသိပညာတိုးပွားရေးနှင့် အရည်အသွေးမြင့်မားလာစေရေးကို ရှေးရှုဆောင်ရွက်ရန်။
၉။အထက်ပါရည်ရွယ်ချက်များအောင်မြင်စေရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၇)ရပ် -
(က)    အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းများ၊ နိုင်ငံတော်အကျိုးပြုလုပ်ငန်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ခ)    စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၏ သက်သာချောင်ချိရေးနှင့်လူမှုရေးကိစ္စရပ်များတွင် ကူညီဆောင်ရွက်ပေးရန်။
(ဂ)    စစ်မှုထမ်းဟောင်းအဖွဲ့၀င်အချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊ ကူညီရိုင်းပင်းရေးနှင့် စည်းလုံးညီညွတ်ရေးကို ရှေးရှုဆောင်ရွက်ရန်။
(ဃ)    စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၏ စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်။
(င)    စစ်မှုထမ်းဟောင်းများ၏ ကောင်းသောအစဉ်အလာများကိုထိန်းသိမ်း၍ နောင်လာနောက်သားများအား နမူနာကောင်းပြနိုင်ရေးနှင့် ပြန့်ပွားရေးကို ရှေးရှုဆောင်ရွက်ရန်။
(စ)    စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၏ အသိပညာတိုးပွားရေးနှင့် အရည်အသွေးမြင့်မားလာစေရေးကို ရှေးရှုဆောင်ရွက်ရန်။
(ဆ)    အငြိမ်းစားယူပြီးကာစ နေထိုင်ရေးအခက်အခဲရှိသော စစ်မှုထမ်းဟောင်းများအတွက် နေရာချထားရေး စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
၁၀။    နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းကဏ္ဍတွင် ဒေသအလိုက်စစ်မှုထမ်းဟောင်းအဖွဲ့၀င်များကိုစုဖွဲ့၍ ဆောင်ရွက်နေသောလုပ်ငန်းများ -
(က)    စာရင်းဇယားကောက်ယူပြုစုခြင်း။
(ခ)    ပြင်ဆင်စုဖွဲ့ခြင်း။
(ဂ)    လေ့ကျင့်ခြင်း။
(ဃ)    လက်တွေ့စစ်ဆေးခြင်း။
(င)    ကြီးကြပ်ကွပ်ကဲခြင်း။
(စ)    အဖွဲ့အတွင်းစည်းရုံးဟောပြောခြင်း။
(ဆ)    ပြည်သူလူထုပါ၀င်လာစေရန် စည်းရုံးဟောပြောခြင်း။
(ဇ)    ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးခြင်း။
၁၁။    လူမှုရေးနှင့်သက်သာချောင်ချိရေးလုပ်ငန်းကဏ္ဍတွင် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များအား ထောက်ပံ့ပေးမှုများ-
(က)    (၇၅)နှစ်နှင့်အထက်ထောက်ပံ့ခြင်း။
(ခ)    နာရေးထောက်ပံ့ခြင်း။
(ဂ)    မသန်စွမ်းအဖွဲ့၀င်များကို ထောက်ပံ့ခြင်း။
(ဃ)    မသန်စွမ်းအဖွဲ့၀င်များကို ခြေတုတပ်ဆင်ပေးခြင်း။
(င)    အရန်အဖွဲ့၀င်များကို ပညာသင်ထောက်ပံ့ခြင်း။
(စ)    တပ်မတော်ဆိုင်ရာ တက္ကသိုလ်/ကောလိပ်များတွင် တက်ရောက်နေသူများကို ထောက်ပံ့ခြင်း။
(ဆ)    ဂုဏ်ထူးရထောက်ပံ့ခြင်း။
၁၂။    ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စစ်မှုထမ်းဟောင်းအဖွဲ့၀င်များသည် ပြည်သူလူထုနှင့်ပူးပေါင်းပါ၀င်ဆောင်ရွက်မှုများ-
(က)    လူမှုရေးဆိုင်ရာကိစ္စရပ်များ။
(ခ)    ဘာသာရေးဆိုင်ရာကိစ္စရပ်များ။
(ဂ)    ပညာရေးဆိုင်ရာကိစ္စရပ်များ။
(ဃ)    နိုင်ငံတော်စီမံကိန်းများတွင် ပါ၀င်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ။
(င)    မြို့ရွာ/ကျေးလက်သန့်ရှင်းသာယာလှပရေးဆိုင်ရာကိစ္စရပ်များ။
(စ)    မြို့ရွာ/ကျေးလက်စိမ်းလန်းစိုပြည်ရေးဆိုင်ရာကိစ္စရပ်များ။
(ဆ)    ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ခြင်းဆိုင်ရာကိစ္စရပ်များ။
(ဇ)    ကျေးလက်ဒေသသန့်ရှင်းသောသောက်သုံးရေရရှိရေးဆိုင်ရာ ကိစ္စရပ်များ။
(စျ)    ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ။
(ည)    ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ။

ရန်ပုံငွေပိုင်ဆိုင်မှု
၁၃။    မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ ရန်ပုံငွေပိုင်ဆိုင်မှုမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အထိ ငွေကျပ် ၃၂ ဘီလီယံကျော်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်သွယ်/ကုန်ထုတ်လုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ရင်းနှီးမြှုပ်နှံထားရှိပါသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းများမှ ရရှိလာသော အကျိုးအမြတ်များအား စစ်မှုထမ်းဟောင်းအဖွဲ့၀င်မိသားစုများ၏ သက်သာချောင်ချိရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။

အဖွဲ့ဝင်အင်အား
၁၄။    ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၀င် ပေါင်း (၉၁၆၇၇)ဦးနှင့် မှီခိုသူအရန်အဖွဲ့၀င်ပေါင်း (၁၆၁၃၇၂)ဦးရှိပြီး စုစုပေါင်း အဖွဲ့ဝင်/အရန်အဖွဲ့ဝင်ပေါင်း(၂၅၃၀၄၉)ဦး ရှိပါသည်၊၊

အာဆီယံအတွင်း ဆောင်ရွက်ချက်များ
၁၅။    မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၁၄)ကြိမ်မြောက် အထွေထွေညီလာခံ တက်ရောက်ခဲ့ပြီး (၉)နိုင်ငံမြောက် အဖွဲ့၀င်နိုင်ငံဖြစ်လာခဲ့ပါသည်။ အဖွဲ့၀င်နိုင်ငံဖြစ်လာပြီးနောက် အစည်းအဝေးများတက်ရောက်ခြင်း၊ အဖွဲ့၀င်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက် ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ (၁၅)ကြိမ်မြောက် အထွေထွေညီလာခံနှင့် (၂၇)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို လည်းကောင်း၊၂၀၁၅ ခုနှစ်တွင် (၂၈)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကိုလည်းကောင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပ ခဲ့ပါသည်။
၁၆။    အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် ဥက္ကဌတာ၀န်အား ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာ၀န် ယူဆောင်ရွက်ခဲ့ပါသည်။ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းများအဖွဲ့၏ (၁၆)ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် ဥက္ကဌတာ၀န်အား ဘရူနိုင်း နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ဖွဲ့စည်းပုံ

မှတ်ချက်
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း(အရှေ့)၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်)၊ ရှမ်း(အရှေ့အလယ်)ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ၊ နေပြည်တော်၊ ရန်ကုန် (စည်ပင်အတွင်း/ပြင်ပ)၊ မန္တလေး(စည်ပင်အတွင်း/ပြင်ပ)၊ ပဲခူး(အရှေ့)၊ ပဲခူး(အနောက်)၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာ၀တီတိုင်းဒေသကြီးစစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များ ဖြစ် ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအရ မြို့နယ်(၃၃၀)မြို့နယ်ရှိပြီး မြို့နယ်(၃၀၈)မြို့နယ် တွင် စစ်မှုထမ်းဟောင်းအဖွဲ့များ ဖွဲ့စည်းထားရှိပါသည်။

ရည်ရွယ်ချက်(၄)ရပ်

  • (က)    ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့်တိုင်းရင်းသားပြည်သူများ၏လူမှုရေး၊စီးပွားရေးတန်းတူပြိုင်တူ
  •   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ပါ၀င်ဆောင်ရွက်ရန်။
  • (ခ)     အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းများတွင်တပ်မတော်၏အရန်အင်အားအဖြစ်တာ၀န်သိသိဖြင့်ပါ၀င်ဆောင်ရွက်ရန်။
  • (ဂ)     စစ်မှုထမ်းဟောင်းအဖွဲ့၀င်များစည်းလုံးညီညွတ်စွာဖြင့်အချင်းချင်းအပြန်အလှန်အကူအညီပေးရန်။
  • (ဃ)   နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင်စုစည်းညီညွတ်စွာဖြင့်ပါ၀င်ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

ရှေ့လုပ်ငန်းစဉ် (၇)ရပ်

  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ၊ နိုင်ငံတော်အကျိုးပြုလုပ်ငန်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၀င်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို သက်ဆိုင်ရာ၀န်ကြီးဌာန များနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
  • စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၏ သက်သာချောင်ချိရေးနှင့် လူမှုရေးကိစ္စရပ်များတွင် ကူညီ ဆောင်ရွက်ပေးရန်။
  • စစ်မှုထမ်းဟောင်းအဖွဲ့၀င်အချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊ ကူညီရိုင်းပင်းရေးနှင့် စည်းလုံး ညီညွတ်ရေးကို ရှေးရှူဆောင်ရွက်ရန်။
  • စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်။
  • စစ်မှုထမ်းဟောင်းများ၏ ကောင်းသောအစဉ်အလာများကိုထိန်းသိမ်း၍ နောင်လာနောက် သားများအား နမူနာကောင်းပြနိုင်ရေးနှင့် ပြန့်ပွားရေးကို ရှေးရှူဆောင်ရွက်ရန်။
  • စစ်မှုထမ်းဟောင်းအဖွဲ့၀င်များ၏ အသိပညာတိုးပွားရေးနှင့် အရည်အသွေးမြင့်မားလာစေရေးကို ရှေးရှုဆောင်ရွက်ရန်။
  • အငြိမ်းစားယူပြီးကာစ နေထိုင်ရေးအခက်အခဲရှိသော စစ်မှုထမ်းဟောင်းများအတွက် နေရာ ချထားရေး စီမံဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။